menu-iconlogo
huatong
huatong
avatar

ပထမခြေလှမ်းအသံပါ

တင်ဇာ​မော်huatong
ƬӇเ༄ɦαhuatong
بول
ریکارڈنگز
ပထမခြေလှမ်းအသံပါ

ရေး မင်းချစ်သူ

ဆို တင်ဇာမော်

Uploadedby ƬӇเ༄ɦα

ကြိုကြိုတင်တင် ပူပန်နေလည်း တွေ့ရမဲ့ အဖြစ်တွေ

မပြောင်းလဲနိုင်

ဘာကိုမဆို ရင်ဆိုင်ဖို့ပဲ စဉ်းစားထားလိုက်တာ

တို့ စိတ်ချမ်းသာမယ်

တွေဝေနေရင် အချိန်ကုန်ရုံပဲ ဘာမှ မထူးဘူးကွယ်

ဘဝက ရပ်ဖို့ နည်းတွေမရှိ

ကံကြမ္မာကို စိန်ခေါ်နိုင်ဖို့ တို့လှုပ်ရှားကြမယ်

ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်း

ရည်ရွယ်တဲ့ လမ်းက ဘယ်လောက်ဝေးဝေးကွယ်

ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာ လိုတယ်

ပထမဆုံး ဒီခြေလှမ်းဟာ

အို နောက်ဆုံးတော့ ပန်းတိုင် ရောက်နိုင်မယ်

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူတူတူ တူး တူးတူ တူး တူတူး

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူတူတူ တူး... တူးတူ တူးတူတူး

ကိုယ်ရှင်သန် နေထိုင်နိုင်ခွင့် ဘယ်လောက်ထိ ရရှိမယ် မသိရပါ

ပိုင်ဆိုင်နိုင်တာ မသေခင်လေး လူ့ဘဝတဲ့လေ

ဘယ်လိုနည်းနဲ့ အသုံးချမလဲ

ရည်ရွယ်ရာ ဒီနယ်မြေသို့ ရောက်ရှိသွားဖို့ရာ

ရပ်ဖို့ မဖြစ်နိုင်

ပီပီပြင်ပြင် ဒီအချိန်မှာပဲ ခရီးသစ် စတော့မှာ

ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်း

ရည်ရွယ်တဲ့ လမ်းက ဘယ်လောက်ဝေးဝေးကွယ်

ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာ လိုတယ်

ပထမဆုံး ဒီခြေလှမ်းဟာ နောက်ဆုံးတော့

ပန်းတိုင် ရောက်နိုင်မယ်

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူ တူတူတူး တူးတူ တူး တူတူး

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူတူတူ တူး... တူးတူ တူးတူတူး

ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်း

MUSIC

ရင်ခုန်သံကို အာရုံခံစား နှလုံးသားလေးကကွယ်

ချစ်တတ်တယ်

ကြင်နာသူကို ပိုင်ဆိုင်ဖို့လည်း ကြိုးစားသွားဦးမယ်

ဒါတော့ မှားတယ် မထင်....

မှန်တယ်ထင်ရာ ဒါတွေ အကုန်လုံး ဇောက်ချ လုပ်တော့မယ်

နောက် မဆုတ်တော့...

ဘဝရဲ့အတွက် အချစ်ရဲ့အတွက်

ကိုယ့်အတ္တတွေ အတွက် ....

ရည်ရွယ်တဲ့ လမ်းက ဘယ်လောက်ဝေးဝေးကွယ်

ဒီခြေတစ်လှမ်းနဲ့ စတင်ဖို့သာ လိုတယ်

ပထမဆုံး ဒီခြေလှမ်းဟာ အို နောက်ဆုံးတော့

ပန်းတိုင် ရောက်နိုင်မယ်

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူ တူတူတူး တူးတူ တူး တူတူး

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူတူတူ တူး... တူးတူ တူးတူတူး

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူ တူတူတူး တူးတူ တူး တူတူး

အာ ဟာ ဟာဟား…

အာ ဟေး ဟေးဟေး

တူတူတူ တူး... တူးတူ တူးတူတူး

ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်း

Uploadedby ƬӇเ༄ɦα

End

တင်ဇာ​မော် کے مزید گانے

تمام دیکھیںlogo

یہ بھی پسند آسکتا ہے