နယ်ကြိုက်သီချင်းသည် 
တေးဆို- နိုင်မင်းအောင် 
   ........ 
မြန်မာပြည်မှာ လူဖြစ်ခဲ့လို့. 
မြန်မာသီချင်းတွေ ကျွန်တော်ဆိုနေတာ 
မှားနေသလားဗျာ 
မှားနေလို့လားဗျာ 
ရင်ထဲရှိတာတေးတစ်ပုဒ်ဆိုရင်း 
ပြောပြချင်ပါသည် 
ဂီတတစ်ခုကို ဂီတပဲလို့မြင် 
ပရိတ်သတ် အခိုင်အမာရှိတာ 
နယ်ပွဲတွေသွားလို့ တွေ့လာ 
မြန်မာသံစဉ်ကိုမြန်မာ တွေလက်ခံရင် 
နယ်မြို့တောရွာမကျန် 
မြန်မာသံတေးများရှိနေမယ် 
  မြန်မာပြည်မှာ လှေနဲ့နွားလှည်း 
ရှိသေးရင်မြန်မာသံစဉ်တွေ 
မပျောက်နိုင်ပါဘူးလို့ 
ပြောခဲ့သူရှိတယ်.... 
အဆင့်တန်းခွဲးရင်ခွဲးကြပါတော့ 
ခွင့်လွှတ်ပါတယ်လေ 
နယ်ကြိုက်သီချင်းတွေ 
ကျွန်တော်လေအမြဲတမ်းဆို 
လက်ခုပ်သံတွေရှိရင်... 
မြန်မာသီချင်းတွေဆက်ရှိဦးမယ် 
ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်အနုပညာ 
နယ်ကရောက်လာသူ 
နယ်ကြိုက်သီချင်းများဆက်ဆိုမယ် 
ဂီတကိုခင်တွယ်သူတို့ 
အလွမ်းပန်းပျိုး တဲ့မေတ္တာဥယျာဉ် 
ပန်းမျိုးတစ်ရာဝေစေ 
  ဂီတကိုရှင်သန်နိုင်ဖို့ 
ထမင်းကြွေးကြတဲ့ပရိတ်သတ်များကို 
ကျေးဇူးတင်ပါသည် 
နယ်ကြိုက်သီချင်းဆိုတာ 
မြန်မာဆန်လွန်းလို့ဖြစ်မှာပါ 
 Music  
....... 
မြန်မာပြည်မှာ လူဖြစ်ခဲ့လို့ 
မြန်မာသီချင်းတွေ ကျွန်တော်ဆိုနေတာ 
မှားနေသလားဗျာ... 
မှားနေလို့လားဗျာ... 
ရင်ထဲရှိတာတေးတစ်ပုဒ်ဆိုရင်း 
ပြောပြချင်ပါသည်. 
ဂီတတစ်ခုကို ဂီတပဲလို့မြင် 
ပရိတ်သတ် အခိုင်အမာရှိတာ 
နယ်ပွဲတွေသွားလို့ တွေ့လာ 
မြန်မာသံစဉ်ကိုမြန်မာတွေလက်ခံရင် 
နယ်မြို့တောရွာမကျန် 
မြန်မာသံတေးများရှိနေမယ် 
  ဘယ်သူတွေဘာပဲပြောပြော. 
ကိုယ်လုပ်တာကိုယ်ယုံကြည်ရင် 
လိုင်းမပြောင်းပါဘူးလို့ 
အမြဲမျှော်လင့်ထားတယ် 
ကိုယ်နဲ့ထိုက်ရာ ကိုယ့်ဘဝဂီတ 
ကိုယ့်အသက်လိုခင်တွယ် 
ဒီဘဝခဏမှာကျေနပ်သွားပါ့မယ် 
ဘုရားမြတ်ရှင်ထံဆုပန် 
ဂီတကမ္ဘာလောကတစ်ခုမှာ 
မြန်မာသံစဉ်တွေ ရှင်သန်ကြပါစေ 
ရင်နင့်ကျိုးကြေကြေ မြန်မာသံတေးများ 
ဆက်ဆိုမယ် 
ဂီတကိုခင်တွယ်သူတို့ 
အလွမ်းပန်းပျိုး တဲ့မေတ္တာဥယျာဉ် 
ပန်းမျိုးတစ်ရာဝေစေ 
  ဂီတကိုရှင်သန်နိုင်ဖို့ 
ထမင်းကြွေးကြတဲ့ပရိတ်သတ်များကို 
ကျေးဇူးတင်ပါသည် 
နယ်ကြိုက်သီချင်းဆိုတာ. 
မြန်မာဆန်လွန်းလို့ဖြစ်မှာပါ 
နယ်ကြိုက်သီချင်းဆိုတာ 
မြန်မာဆန်လွန်းလို့ဖြစ်မှာပါ. 
နယ်ကြိုက်သီချင်းဆိုတာ 
မြန်မာဆန်လွန်းလို့ဖြစ်မှာပါ 
နယ်ကြိုက်သီချင်းဆိုတာ 
မြန်မာဆန်လွန်းလို့ဖြစ်မှာပါ 
....... 
ကျေးဇူးတင်ပါတယ်(လေးစိုး)