အားနာတယ်
နေမင်းအိမ်
အားလုံးက ငါ့အပြစ်တွေပါကွယ်
အရှုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်
နင်မနေချင်တဲ့ ရပ်ကွက်ထဲမှာငါ့ကိုချန်ခဲ့
တတ်စွမ်းသလောက် ပေးဆပ်ပါသော်လဲ
နင်လိုချင်တာတွေအကုန်မဖြည့်ခဲ့
အချစ်ကလွဲရင် ငါ့အားလုံးချို့တဲ့တယ်
ငါဝယ်ပေးခဲ့သော နှုတ်ခမ်းနီလေးဟာ
ဈေးသိပ်ပေါတယ်
နင့်နှုတ်ခမ်းတွေကိုအားနာတယ်
ဟူ ... ငါလိုလူကိုကွယ်
နင်မချစ်ပါနဲ့
နင်ပျော်အောင်မထားနိုင်တဲ့
ငါလိုကောင်ရဲ့
ကံဇာတာက ဆိုးလွန်းတယ်
နွံနစ်နေတဲ့ နင်ဟာပတ္တမြားပါပဲ
အရောင်မမှီန်စေနဲ့
ဟိုး ... နင်ထွက်သွားပါကွယ်
ငါဘက်က သွေးနည်းတယ်ဆိုလဲ
မင်းကောင်းစားဖို့ တစ်ခုအတွက်ပဲ
အရောင်တွေစုံတဲ့ မြို့ပြထဲမှာ
မင်းပျော်ပါကွယ်
ရှေးဟောင်းဇာတ်ထုတ်တွေချန်ခဲ့
ထမင်းရည်တူတူ မသောက်စမ်းနဲ့
အပေါစားကြားမှာ
မင်းအလှပျက်လိမ့်မယ်
သနပ်ခါးရနံ့လေးတွေ မွှေးခဲ့သော
နင့်ပါးပြင်လေးရယ်
ငါနဲ့မတန်တော့ဘူးထင်တယ်
ဟူ ...ငါလိုလူကိုကွယ်
နင်မချစ်ပါနဲ့
နင်ပျော်အောင်မထားနိုင်တဲ့
ငါလိုကောင်ရဲ့ ကံဇာတာက
ဆိုးလွန်းတယ်
နွံနစ်နေတဲ့ နင်ဟာပတ္တမြားပါပဲ
အရောင်မမှိန်စေနဲ့ ဟိုး...
နင်ထွက်သွားပါကွယ်
Solo ......
သနပ်ခါးရနံ့လေးတွေ မွှေးခဲ့သော
နင့်ပါးပြင်လေးနဲ့
နင့်နှုတ်ခမ်းတွေကို အားနာတယ်
ဟူ ... ငါလိုလူကိုကွယ်
နင်မချစ်ပါနဲ့
နင်ပျော်အောင် မထားနိုင်တဲ့
ငါလိုကောင်ရဲ့
ကံဇာတာက ဆိုးလွန်းတယ်
နွံနစ်နေတဲ့ နင်ဟာပတ္တမြားပါပဲ
အရောင်မမှိန်စေနဲ့
ဟိုး ... ဟူဟိုး
နင် မချစ်ပါနဲ့
နင်ပျော်အောင်မထားနိုင်တဲ့
ငါလိုကောင်ရဲ့
ကံဇတာက ဆိုးလွန်းတယ်
နွံနစ်နေတဲ့ နင်ဟာပတ္တမြားပါပဲ
အရောင်မမှိန်စေနဲ့
ဟိုး နင်ထွက်သွားပါကွယ်...
အိုး ငါနေခဲ့ပါမယ်...
ဟူး ...
Thanks