menu-iconlogo
huatong
huatong
avatar

နှလုံးသားမှာအားလုံးရှိတယ် NandaAyeYar

နန္ဒဧရာhuatong
Mr_USoehuatong
بول
ریکارڈنگز
နှလုံးသားမှာအားလုံးရှိတယ်

နန္ဒဧရာ

...........

ကိုယ်တစ်ယောက်ထဲ...ရှိတဲ့

အဆင်းရဲဆုံးနှလုံးသားနိင်ငံငယ်

ခေါင်မိုးအောက်က .. ထိုးကျတဲ့

လနဲ့ကြယ်ရောင်ရယ်

ယိုင်လဲတော့မယ့် တဲလေးရဲ့

ချည့်နဲ့နေပုံရယ်

အဆင်မပြေနိုင်တဲ့

ကိုယ့်ဘဝအတိုင်းဘဲကွယ်

ပင်တိုင်စံပန်းလေးတစ်ပွင့်

ကိုယ့်အတွက်ကြောင့်မငြှိုးနွမ်းစေချင်တယ်

ကဗျာလေးတစ်ပုဒ်ထက်နူးညံ့တဲ့

မိန်းကလေးငယ်ကိုကွယ်

ဘဝခရီးကြမ်းတဲ့အချစ်တစ်ခုနဲ့

မလှမ်းခဲ့စေချင်တယ်

မလာချင်ပါနဲ့ဦးလားမိန်းကလေးရယ်

ရွှေနန်းတော်ရွှေကော်ဇော

ခင်းခန်းဆောင်အလယ်

စံမြန်းရာ ခြွေရံအသင်း

အပင်းများစွာအလည်

အမြင့်ဆုံးမှာဘုရင်မလေးတပါးဖြစ်စေကွယ်

အချစ်လေးရယ်

ဒီလိုမင်းကိုကိုယ်ထားချင်တယ်

နှလုံးသားမှာအားလုံးရှိတယ်

ကြယ်တွေကိုမင်းအခန်းထဲ

မီးထွန်းဖို့ဆွဲပေးချင်ပါတယ်

ခြေတလှမ်းလှမ်းလိုက်တိုင်း

ပန်းလေးတပွင့်ခင်းပေးနေချင်တယ်

ကိုယ့်နှလုံးသွေးနဲ့မင်းနှုတ်ခမ်းလေး

ဆေးဆိုးစေချင်တယ်

ပျော်စရာတွေဘဲမင်းအတွက်ဖြစ်ရမယ်

.......Solo......

လေထန်မုန်တိုင်းဆဲလို့ကိုယ့်ရဲ့ဘဝ

ငြိမ်းချမ်းလာချိန်လေး

ကိုယ်တို့နှစ်ယောက်အတွက်လပြည့်ည

ရောက်ရှိလာချိန်မယ်

ချစ်ဆုံးလေးအတွက်ပန်းခင်းလမ်း

ခင်းပေးချိန်မှာကွယ်

လာခေါ်မှာပေါ့ကိုယ့်ရဲ့မိန်းခလေးရယ်

ရွှေနန်းတော်ရွှေကော်ဇော

ခင်းခန်းဆောင်အလယ်

စံမြန်းရာ ခြွေရံအသင်း

အပင်းများစွာအလည်

အမြင့်ဆုံးမှာဘုရင်မလေးတပါးဖြစ်စေကွယ်

အချစ်လေးရယ်

ဒီလိုမင်းကိုကိုယ်ထားချင်တယ်

နှလုံးသားမှာအားလုံးရှိတယ်

ကြယ်တွေကိုမင်းအခန်းထဲ

မီးထွန်းဖို့ဆွဲပေးချင်ပါတယ်

ခြေတလှမ်းလှမ်းလိုက်တိုင်း

ပန်းလေးတပွင့်ခင်းပေးနေချင်တယ်

ကိုယ့်နှလုံးသွေးနဲ့မင်းနှုတ်ခမ်းလေး

ဆေးဆိုးစေချင်တယ်

ပျော်စရာတွေဘဲမင်းအတွက်ဖြစ်ရမယ်

........

နန္ဒဧရာ کے مزید گانے

تمام دیکھیںlogo