ကိုယ်စောင့်နတ် (female ver)
ဟိုးကတည်းက မင်းရှိတယ်
ဒီရင်ဘတ် ဘယ်ဘက်ခြမ်းမှာ
နေရာယူ
မင်းသာ ငါ့အချစ်ဦး ငါ့အချစ်ထူး
အပြောင်းအလဲကြီး သိပ်မလုပ်နဲ့
ဒီလူသား ယိုင်နဲ့နဲ့ပါ
ဒဿဂီရိ မဟုတ်ပါဘူး
ငါ့မျက်နှာ အဲ့သလောက်
မများပါဘူးလေ
နင်သာပုံမှန်မရှိသော
မိုးသက်တိမ်ဆိုင်တွေလို
လေနှင်ရာမှာ တကွက်ကြားမိုးအဖြစ်
ရွာသွန်းဖြိုး
နင်ဟာ
ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့
မြတ်နိုးခြင်းပန်ချီကားတစ်ချပ်လို
အသက်ရှင်ခြင်း တစ်ခုရဲ့
ဝင်သက်တစ်ခုလို
3...2...1
ဟိုးကတည်းက မင်းရှိတယ်
ဒီရင်ဘတ်
ဘယ်ဘက်ခြမ်းမှာ
နေရာယူ
မင်းသာ ငါ့အချစ်ဦး
ငါ့အချစ်ထူး
တွေးတွေးပြီးမဆွေးရအောင်
မလွန်ခင်လေးစိတ်မှာဆုံးဖြတ်ပါ
ငါ့ကိုယ်ငါလည်း မချစ်ပါဘူး
နင့်ကိုငါ့အသက်ထက် ပိုချစ်တယ်
နင်သာပုံမှန်မရှိသော
မိုးသက်တိမ်ဆိုင်တွေလို
လေနှင်ရာမှာ တကွက်ကြားမိုးအဖြစ်
ရွာသွန်းဖြိုး
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့
မြတ်နိုးခြင်းပန်ချီကားတစ်ချပ်လို
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့
မြတ်နိုးခြင်းပန်ချီကားတစ်ချပ်လို
အသက်ရှင်ခြင်း တစ်ခုရဲ့
ဝင်သက်တစ်ခုလို
ရှိုက်ငင်ခြင်းတစ်ခုရဲ့
ဝင်သက်တစ်ခုလို
နင်သာပုံမှန်မရှိသော
မိုးသက်တိမ်ဆိုင်တွေလို
လေနှင်ရာမှာ တကွက်ကြားမိုးအဖြစ်
ရွာသွန်းဖြိုး
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့
မြတ်နိုးခြင်းပန်ချီကားတစ်ချပ်လို
နင်ဟာ ငါ့တစ်ယောက်တည်းအတွက်
ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့ရေးတဲ့
မြတ်နိုးခြင်းပန်ချီကားတစ်ချပ်လို
အသက်ရှင်ခြင်း တစ်ခုရဲ့
ဝင်သက်တစ်ခုလို
ရှိုက်ငင်ခြင်းများရဲ့ ဝင်သက်တစ်ခုလို