menu-iconlogo
huatong
huatong
avatar

အမေ့ရဲ့ထမီလေးတစ်ထည်(Unicode)

ဘိုဖြူ Bo Phyuhuatong
no2pencilhuatong
بول
ریکارڈنگز
နှစ်ချိူ့ခဲ့ပြီ မာဆရိုက် အမေ့ထမီတစ်ထည်

ဆွဲလု အုံးခွံ အညိုရင့်ကြီး အပေခံ

ဒီထမီကိုလေ ဘုရားကျောင်းတက်မှ

အမေလေ တရိုတသေ ထုတ်ဝတ်စမြဲမို့

‌ယောကီထမီလေး

အမေ့အပြုံးလို အသစ်စက်စက်အတိုင်း

ဘီးစပတ်ထုံးနဲ့ ရင်ဖုံးအင်္ကျီအဖြူ

သိုးမွှေးရက်ထည် သဘက်ကလေးပခုံးမှာတင်

ဒီထမီကိုအဆင်စေ့စေ့ကြည့်လေ

ဇရာအိုအမေဟာ ကျော့ကျော့လေးယဥ်

အလှတကာ အပျိူမငေးကြည့်ကာ ဝမ်းပါးလောက်တယ်

အမေ့ရဲ့သားလို့ ကြွားလိုက်ချင်ရဲ့

တကယ်ပါ ရိုးရာမပျက်ခဲ့ပြီပဲ

အမေချန်ရစ်မယ့် မျိူးဆက်သွေးတွေကြည့်...

ရွှေငွေအဖိုးတန် ကျောက်မျက်နဲ့မလဲ

ဒီထမီသုံးတောင်ဝတ်က တကယ်မတော့

ကမ္ဘာမြေမိုးအနှံ့ လောကအလှကိုဆင်....

အစားထိုးမလဲနိုင်ဘာလဲ အမေ့တယူသန်

အကောင်းစားအသစ်တွေ ဝယ်ပေး လက်မခံပြီ

ဒီထမီရာဇဝင် ပြောပြခိုင်းရင်

အမေလေအသံတွေ တက်ကြွမြူးရွှင်

အဓိဌာန်ဝယ်ထား အမေ့ချွေးနည်းစာ

စစ်စစ်ဖြစ်သတဲ့

အသက်ထက်ဆုံးတိုင် ကိုယ်စား အမေ့အမွေအဖြစ်

သိမ်းဆည်းကိုးကွယ်ချင်မိ အမေ့ဒီထမီ

ဘယ်လိုအတန်တန် နားချတောင်းလည်း

အမေလေ ဒီထမီအဖိုးဖြတ်ပြီးပြီ

တစ်နေ့ငါသေရင် ငါ့အလောင်းမှာ ဝတ်ပေးထားတဲ့

အမေ့ရဲ့သားလို့ ကြွားလိုက်ချင်ရဲ့

တကယ်ပါ ရိုးရာမပျက်ခဲ့ပြီပဲ

အမေချန်ရစ်မယ့် မျိူးဆက်သွေးတွေကြည့်...

ရွှေငွေအဖိုးတန် ကျောက်မျက်နဲ့မလဲ

ဒီထမီသုံးတောင်ဝတ်က တကယ်မတော့

ကမ္ဘာမြေမိုးအနှံ့ လောကအလှကိုဆင်....

အမေ့ရဲ့သားလို့ ကြွားလိုက်ချင်ရဲ့

တကယ်ပါ ရိုးရာမပျက်ခဲ့ပြီပဲ

အမေချန်ရစ်မယ့် မျိူးဆက်သွေးတွေကြည့်...

ရွှေငွေအဖိုးတန် ကျောက်မျက်နဲ့မလဲ

ဒီထမီသုံးတောင်ဝတ်က တကယ်မတော့

ကမ္ဘာမြေမိုးအနှံ့ လောကအလှကိုဆင်....

အမေ့ရဲ့သားလို့ ကြွားလိုက်ချင်ရဲ့

တကယ်ပါ ရိုးရာမပျက်ခဲ့ပြီပဲ

အမေချန်ရစ်မယ့် မျိူးဆက်သွေးတွေကြည့်...

ဘိုဖြူ Bo Phyu کے مزید گانے

تمام دیکھیںlogo