ညှို့မျက်ဝန်း
ဆို - ဘိုဘို
နောက်လှည့်အကြည့်တစ်ချက်
ဆိုသာရုံလေး ညို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့ အရင်ဝေဒနာလည်း
စက္ကန့်ရွေ့အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့
တောင်းခံသူကို
အချစ်တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်
စေတနာသဒ္ဓါသလောက်မျှခဲ့ပါ
အချစ် လမ်းတစ်ဝက်ဖြစ်ဖြစ်
ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ
အချစ် ပန်းတစ်ဝက်ဖြစ်ဖြစ်
စာနာနိုင်သလောက်စွန့်ခဲ့ပါ
နားနဲ့မနာ ဖဝါးနဲ့မနာ
နှလုံးသားနဲ့နာတော်မူပါ
ပြောလှည့်ပါ ဟောခဲ့ပါ
အချစ်တရားတစ်ပုဒ် နာလိုသူပါ
အတွေးများစွာ ပေးထားကာ
အရှုံးအမြတ်အတွက် မရေရာသူမှာ
နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ
တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးခွါခြင်းနဲ့အတူ
ဒီလူမှာသာ ဆုံးရှုံး.. နေမှာပဲလေ
ဆုံးကာရှုံးကာသာ နေမှာပဲလေ
ဆုံး...ရှုံး နေမှာပဲလေ
အမြဲအစဉ်ရှုံးကာသာ နေမှာပဲလေ
အမြဲ...ရှုံး... နေမှာပဲလေ အချစ်ရေ
Solo......
အသည်းခွင်းမြားချက် ရင်အလယ်ဗဟို၌
စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်က ရင်ကိုတစ်ပါတည်း သိမ်းပိုက်သွားပြီပဲ
စိတ်အစဉ်ရယ်
တစ်ပါတည်းနဲ့လိုက်ပါသွားတယ်
ညို့ပိုင်သူရယ်
အရှင့်ပုခုံးနုထက်မှ
အပြာရောင်လွယ်အိတ်ကလေး ဖြစ်ပါရစေ
အရှင့်ဖဝါးနုအောက်မှ
ကတ္တီပါဖိနပ်ကလေး ဖြစ်ပါရစေ
အရှင့်ဦးထိပ်ထက်မှ
ငွေရာင်ဆံညှပ်ကလေး ဖြစ်ပါရစေ
နားနဲ့မနာ ဖဝါးနဲ့မနာ
နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောခဲ့ပါ
အချစ်တရားတစ်ပုဒ် နာလိုသူပါ
အတွေးများစွာ ပေးထားကာ
အရှုံးအမြတ်အတွက် မရေရာသူမှာ
နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ထပ်တူ
တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးခွါခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာ အသည်းယဇ်
ပလ္လင်တော်ထက်မှာ
မနှေးမမြန်စတေးခံကာ နေမှာပဲလေ
အသည်းယဇ် ပလ္လင်တော်ထက်မှာ
ဆုံးကာရှုံးကာသာ နေမှာပဲလေ
ဆုံးရှုံး နေမှာပဲလေ အချစ်ရေ...
Thanks
KoOK