menu-iconlogo
huatong
huatong
avatar

ပျောက်ကွယ်သွားမှာစိုး

မင်းဂျွန်​စိုးhuatong
အလွမ်းပြေမိသားစုhuatong
بول
ریکارڈنگز
ပျောက်ကွယ်သွားမှာစိုး

တေးရေး ဆရာမင်းဂျွန်စိုး

တေးဆျု ဆရာမင်းဂျွန်စိုး

မြန်မာဆန်လေသောသီချင်းတွေ

ကျွန်တော်ရေးတက်သလောက်ရေးခဲ့ပါပြီ

အခုလိုအောင်မြင်ခဲ့သောလည်း

တလောကလုံးအတွက် အရာမဝင်

တန်ဖိုးမဲ့ပန်းလို့လှနေဆဲ

မြန်မာဆန်တဲ့တေးသွားများမို့

နယ်ကြိုက်လို့မှတ်ယူကြပြန်တယ်

ဒါဂီတပါပဲဗျာ

အပယ်ခံအချစ်ရဲ့ မေတ္တာတေးဂန္ထဝင်

မြန်မာသံတေးသမား

ကျွန်တော့မှာငိုမိတယ်

မြန်မာပြည်မာမွေးခဲ့သူ

မြန်မာသီချင်းများနဲ့

ကျွန်တော်အသက်ရှင်လာ

ရိုးရာအမွေကိုဆက်ခံရင်း

ပရိတ်သတ်ရှိနေပါရင်

ကျွန်တော်သီချင်းများရေးနေဦးမှာပါ

ဒီအပင်ကပွင့်တဲ့ပန်းမို့

ဒီသီချင်းကို စွန့်ပယ်ကြလေသလား

မြန်မာသံတေးတွေလည်း

ဒီလိုနဲ့တစ်နေ့ပျောက်ကွယ်လုပါပြီ

အရာရာမမြဲခြင်းတရားအညီဆိတ်သုန်းနေ

လရောင်ကြွေစဉ်ပန်းတွေ

ပွင့်သည်ကနွမ်ဖို့ဆိုတာ

သိနေလေ တရားရှိလာလေလေ

နာမည်ဆိုတာလည်း ပွင့်ဆဲပန်းပမာအညီ

ကြွေချိန်အတွက်တွေးကာပြင်ဆင်ထား

စိတ်သန်ရာကိုလုပ်ဆောင်

စစ်မှန်သောဘဝအနုပညာ

အတိတ်ပန်းချီလို ဝိုးတဝါးမှုန်ရီပြယ်

မြန်မာသံစဉ်တွေမရှိရင်

ကျွန်တော်လည်းမရှိချင်ဘူး

မြန်မာသံများပျောက်ကွယ်မှာကိုစိုး

မြန်မာဆန်လေသောသီချင်းတွေ

ကျွန်တော်ရေးတက်သလောက်ရေးခဲ့ပါပြီ

အခုလိုအောင်မြင်ခဲ့သောလည်း

တလောကလုံးအတွက် အရာမဝင်

တန်ဖိုးမဲ့ပန်းလို့လှနေဆဲ

မြန်မာဆန်တဲ့တေးသွားများမို့

နယ်ကြိုက်လို့မှတ်ယူကြပြန်တယ်

ဒါဂီတပါပဲဗျာ

အပယ်ခံအချစ်ရဲ့ မေတ္တာတေးဂန္ထဝင်

မြန်မာသံတေးသမား

ကျွန်တော့မှာငိုမိတယ်

မတူတာအဆင့်အတန်းခွဲလို့

မြန်မာသီချင်းများလည်းပျောက်လုပါပြီ

ရိုးရာအမှန်ကို စွန့်ပယ်ထား

ပရိတ်သတ်ရှိနေတာတောင်

ပြိုင်ပွဲတစ်ချို့လက်မခံ ပွဲမဝင်ရ

ဒီဂီတလောကထဲမှာ

မြန်မာသီချင်းများ ရေးကာရပ်တည်ရင်း

ဒါဂီတပါပဲဗျာ

ကော်ပီမဟုတ်လို့ ပွဲမဝင်ရတာလား

မြန်မာဂီတအတွက် တံခါးတွေဖွင့်ပေးပါ

လရောင်ကြွေစဉ်ပန်းတွေ

ပွင့်သည်ကနွမ်ဖို့ဆိုတာ

သိနေလေ တရားရှိလာလေလေ

နာမည်ဆိုတာလည်း ပွင့်ဆဲပန်းပမာအညီ

ကြွေချိန်အတွက်တွေးကာပြင်ဆင်ထား

စိတ်သန်ရာကိုလုပ်ဆောင်

စစ်မှန်သောဘဝအနုပညာ

အတိတ်ပန်းချီလို ဝိုးတဝါးမှုန်ရီပြယ်

မြန်မာသံစဉ်တွေမရှိရင်

ကျွန်တော်လည်းမရှိချင်ဘူး

မြန်မာသံများပျောက်ကွယ်မှာကိုစိုး

မင်းဂျွန်​စိုး کے مزید گانے

تمام دیکھیںlogo