menu-iconlogo
huatong
huatong
avatar

ချစ်ရတဲ့သူ Unicode

မီမီဝင်းဖေhuatong
intersemprehuatong
بول
ریکارڈنگز
ချစ်ရတဲ့သူ

တေးရေး ️ သားထွေး

တေးဆို ️ မီမီဝင်းဖေ

ချစ်ရတဲ့သူရေ

မျက်လုံးလေးများဖွင့်ကာ

ခေါ်နေတာကို လှည့်ကြည့်ပါဦး

နှလုံးသားနဲ့ယှဉ်ကာ ဖွဲ့နွဲ့လို့မပြောချင်

ဟန်ဆောင်ကာလေ မမုန်းလိုက်နဲ့ဦး

ကိုယ်ဟာလေရိုးသားလွန်းအားကြီးတော့

ကြင်နာသူပြောသမျှအားလုံးအဟုတ်ထင်

ကျီစယ်ကာပြောလို့ပြောမှန်းလည်း

မသိလိုက်ဘူးကွယ်

မာယာတွေသုံးပြီး မုန်းပစ်လိုက်တဲ့

ရည်ရွယ်သူနောက်တစ်ယောက်ပြောင်းပြီးချစ်တဲ့

ရင်နာအောင်မင်း လုပ်ရက်တာလား..

ချစ်ရတဲ့သူရေ

လမ်းခွဲဖို့မပြောနဲ့

ဒီကမ္ဘာမှာ မင်းတစ်ယောက်သာပဲ

အားလုံးနဲ့ပြိုင်ရင် နှိုင်းတုလို့မရတာ

တိုင်တည်ကာ ကိုယ်ပြောလိုက်ချင်တယ်

တကယ်ဆိုမင်း‌လေး သိဖို့ကောင်းရဲ့

ဒီလူဟာအသည်းရိုင်းပန်းလေးတစ်ပွင့်မို့

ရည်ရွယ်ရာဘဝတစ်ခုလုံးအတွက်လို့

သိရက်နဲ့ကွယ်

မာယာတွေသုံးပီး မုန်းပစ်လိုက်တဲ့

ရည်ရွယ်သူနောက်တစ်ယောက်ပြောင်းပြီးချစ်တဲ့

မစာနာမင်း ညှင်းရက်တာလား....

ကိုယ်ဟာလေရိုးသားလွန်းအားကြီးတော့

ကြင်နာသူပြောသမျှအားလုံးအဟုတ်ထင်

ကျီစယ်ကာပြောလို့ပြောမှန်းလည်း

မသိလိုက်ဘူးကွယ်

မာယာတွေသုံးပြီး မုန်းပစ်လိုက်တဲ့

ရည်ရွယ်သူနောက်တစ်ယောက်ပြောင်းပြီးချစ်တဲ့

ရင်နာအောင်မင်း လုပ်ရက်တာလား..

ချစ်ရတဲ့သူရေ

မျက်လုံးလေးများဖွင့်ကာ

ခေါ်နေတာကို လှည့်ကြည့်ပါဦး

နှလုံးသားနဲ့ယှဉ်ကာ ဖွဲ့နွဲ့လို့မပြောချင်

ဟန်ဆောင်ကာလေ မမုန်းလိုက်နဲ့ဦး

ချစ်ရတဲ့သူရေ

လမ်းခွဲဖို့မပြောနဲ့

ဒီကမ္ဘာမှာ မင်းတစ်ယောက်သာပဲ

အားလုံးနဲ့ပြိုင်ရင် နှိုင်းတုလို့မရတာ

တိုင်တည်ကာ ကိုယ်ပြောလိုက်ချင်တယ်

ချစ်ရတဲ့သူရေ

မျက်လုံးလေးများဖွင့်ကာ

ခေါ်နေတာကို လှည့်ကြည့်ပါဦး

နှလုံးသားနဲ့ယှဉ်ကာ ဖွဲ့နွဲ့လို့မပြောချင်

ဟန်ဆောင်ကာလေ မမုန်းလိုက်နဲ့ဦး

ချစ်ရတဲ့သူရေ လမ်းခွဲဖို့မပြောနဲ့

Fade Out.....

မီမီဝင်းဖေ کے مزید گانے

تمام دیکھیںlogo