လူပျောက်ကြော်ငြာ
ဆို မေသူကျော်
အဓိပတိလမ်းမပေါ်မှာ
လျှောက်ဖူးခဲ့ပါသည်
ကံ့ကော်ပင်အောက်က ခုံတွေမှာ
ထိုင်ဖူးခဲ့ပါသည်
သူရယ် ကျနော်ရယ် ချစ်နေစဉ်မှာ
မနေ့က ကျောင်းခန်းထဲ
သူ မရှိလို့ လိုက်ရှာသည်
သူ့လမ်းထဲတောင် ရောက်ခဲ့ပြီးပီ
ဘယ်ဆီကိုများ ပျောက်လို့သွားခဲ့သည်
ရပ်ကွက်ထဲက လူတွေ
လာပြီး ပြောနေပြီ
နောက်တစ်ယောက် တွဲသွားလေသည်
ဒါတော့ မဖြစ်နိုင်သည်
မတူတာ မတန်တာ တွက်ကာ ယှဉ်ကာ
သူ့မိဘများက တနှယ်တကျေးပဲ ပို့မှာပါ
အပေါင်းအသင်းများရေ
ရောင်းရင်းများရေ
မြင်ရင်ခေါ်ထား
အကြောင်းကြားပေးကြပါ
တွေ့ရင် ပြောကြပါလေ
ကျေးဇူးဆပ်ပါမည်
လက်ခံထားတဲ့ သူတွေကို
တရား စွဲဆိုမည်
နိုင် ငံတော်ကို သိစေချင်သည်
အချစ်နဲ့ ပတ်သက်တဲ့
ခုံရုံးကလေး ဖွင့်ပါခင်ဗျား
ကျနော့်ချစ်တဲ့သူ ပျောက်လို့သွားပြီ
ကျနော် ရှာ ပေမယ့်
အခုထိ မတွေ့ တော့ပြီ
အဓိပတိလမ်းမပေါ်မှာ
လျှောက်ဖူးခဲ့ပါသည်
ကံ့ကော်ပင်အောက်က ခုံတွေမှာ
ထိုင်ဖူးခဲ့ပါသည်
သူရယ် ကျနော်ရယ် ချစ်နေစဉ်မှာ
မနေ့က ကျောင်းခန်းထဲ
သူ မရှိလို့ လိုက်ရှာသည်
သူ့လမ်းထဲတောင် ရောက်ခဲ့ပြီးပီ
ဘယ်ဆီကိုများ ပျောက်လို့သွားခဲ့သည်
ရပ်ကွက်ထဲက လူတွေ
လာပြီး ပြောနေပြီ
နောက်တစ်ယောက် တွဲသွားလေသည်
ဒါတော့ မဖြစ်နိုင်သည်
မတူတာ မတန်တာ တွက်ကာ ယှဉ်ကာ
သူ့မိဘများက တနှယ်တကျေးပဲ ပို့မှာပါ
အပေါင်းအသင်းများရေ
ရောင်းရင်းများရေ
မြင်ရင်ခေါ်ထား
အကြောင်းကြားပေးကြပါ
တွေ့ရင် ပြောကြပါလေ
ကျေးဇူးဆပ်ပါမည်
လက်ခံထားတဲ့ သူတွေကို
တရား စွဲဆိုမည်
နိုင် ငံတော်ကို သိစေချင်သည်
အချစ်နဲ့ ပတ်သက်တဲ့
ခုံရုံးကလေး ဖွင့်ပါခင်ဗျား
ကျနော့်ချစ်တဲ့သူ ပျောက်လို့သွားပြီ
ကျနော် ရှာ ပေမယ့်
အခုထိ မတွေ့ တော့ပြီ