menu-iconlogo
huatong
huatong
--cover-image

အချစ်ကြောင့်

မျိုးကျော့မြိုင်huatong
nishadezz1213huatong
بول
ریکارڈنگز
သီချင်း - အချစ်ကြောင့်

တေးဆို - မျိုးကျော့မြိုင်

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး

ဒီကမ္ဘာကြီးမှာ...

အချစ်နာကျ အချစ်ဒဏ်များ

ခံနိုင်ရည်မရှိပါ..

ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက

ဒီအချစ်ပါ...

အိပ်လို့မရ စားလို့မရ

အကြိမ်ကြိမ်သေဆုံးတာ..

အချစ်ကြောင့်ပေါ့ နေ့ညတို့

ပျော်ခဲ့ဖူးသလို....

အချစ်ကြောင့်ပေါ့ နှစ်လတို့

ငိုခဲ့ဖူးတာ.....

အသည်းကွဲကြ လွမ်းဆွေးကြ

ဒီအချစ်ဟာ...

ရှိလည်းကောင်း မရှိလည်းကောင်း

ဒီကမ္ဘာကြီးမှာ....

အိပ်မက်တွေမက်ကာ...

ကြီးပြင်းခဲ့ ဘဝရဲ့အစ ရင်ခုန်သံများဟာ

အို.. ခုများဘယ်နားမှာ

မရှိတော့ဘူး မရတော့ဘူး

တကယ်ကွာခြားလာ...

ကလေးလေးဘ၀ အချစ်သီချင်းများ

ကိုယ် ချရေးကာ...

အချစ်ဆိုတဲ့ စာသားတွေထဲ

ကိုယ်ကြည်နူးလာ..

လက်တွေ့ဘ၀ တွေ့ရတဲ့ ဒီအချစ်ဟာ

အမည်းစက်များ လောကဓံကြား

တရားခံဖြစ်လာ...

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ

ချစ်သူအပြုံး အလှဆုံး ကိုယ်ထင်ခဲ့တာ

အဆင်မပြေခဲ့သောအချိန် ဒီအချစ်ဟာ

တစ်ယောက်နဲ့တစ်ယောက်

လှည့်မကြည့်လောက်အောင် ရွံ့မုန်းလာ

အို... အိပ်မက်တွေမက်ကာ..

ချစ်သူအပြုံး အလှဆုံး ဒီကမ္ဘာကြီးမှာ

တကယ်ကို ခုများ ဘယ်နားမှာ

တစ်ယောက်နဲ့တစ်ယောက်

လှည့်မကြည့်လောက်အောင်

ရွံ့မုန်းလာ....

(အချစ်ကြောင့်ပေါ့ ကိုယ့်ရဲ့ဘဝ

အကြိမ်ကြိမ်သေခဲ့ဖူးတာ..

ကိုယ် သေခဲ့ဖူးတာ)

မျိုးကျော့မြိုင် کے مزید گانے

تمام دیکھیںlogo