ဘုရားစူး
ဆို အေးချမ်းမေ
မယုံသင်္ကာ မျက်ဝန်းက အမေးများ
ဘယ်လိုထင်မြင်ပြီး ဆုံးဖြတ်ထား
သေချာတာတော့ ရင်ထဲမှာ ငါချစ်တာ
ဒါကြောင့်လည်း
ဘယ်သူတွေလာခွဲခွဲ လက်တွဲမြဲ
ပြေလည်အောင်တို့နှစ်ဦး နားလည်ခဲ့
မပြေလည်တော့လည်း ပြသနာ
အသည်းကွဲအောင် မရည်ရွယ်ခဲ့ပါ
ဘုရားစူး
ကြယ်စင်တန်းများနဲ့
လသော်တာဆီ ကျိန်ဝံ့တယ်
ဘုရားစူး
ချန်ကာပြေးသွားတဲ့
ချစ်သူရေ ကျိန်ဝံ့တယ်
ရှောင်မလွဲတဲ့ ကံကြမ္မာ
တို့ဝေးကြရင်တောင်
ချစ်ဖူးခဲ့တာ သေချာတယ်
ယုံကြည်စမ်းကွယ်
ဘုရားစူး
အရာရာကို စတေးပြီးချစ်ခဲ့တယ်
ပျော်ရွင်အိပ်မက်များ ရေးခြယ်ခဲ့
သာယာတဲ့အတိတ်များဟာ အလှဆုံးပါ
မထင်မှတ်ပဲ ကံကြမ္မာမုန်တိုင်းတိုက်ဆင်ခဲ့
ပြေလည်အောင် ငါရှင်းမပြနိုင်ခဲ့
မပြေလည်တော့တဲ့ပြဿနာ
အသည်းကွဲအောင် မရည်ရွယ်ခဲ့ပါ
ဘုရားစူး
ကြယ်စင်တန်းများနဲ့
လသော်တာဆီ ကျိန်ဝံ့တယ်
ဘုရားစူး
ချန်ကာပြေးသွားတဲ့
ချစ်သူရေ ကျိန်ဝံ့တယ်
ရှောင်မလွဲတဲ့ကံကြမ္မာ
တို့ဝေးကြရင်တောင်
ချစ်ဖူးခဲ့တာ သေချာတယ်
ယုံကြည်စမ်းကွယ်
ဘုရားစူး
ဘုရားစူး
ကြယ်စင်တန်းများနဲ့
လသော်တာဆီ ကျိန်ဝံ့တယ်
ဘုရားစူး
ချန်ကာပြေးသွားတဲ့
ချစ်သူရေ ကျိန်ဝံ့တယ်
ဘုရားစူး
ကြယ်စင်တန်းများနဲ့
လသော်တာဆီ ကျိန်ဝံ့တယ်
ဘုရားစူး
ချန်ကာပြေးသွားတဲ့
ချစ်သူရေ ကျိန်ဝံ့တယ်
ရှောင်မလွဲတဲ့ကံကြမ္မာ
တို့ဝေးကြရင်တောင်
ချစ်ဖူးခဲ့တာ သေချာတယ်
ယုံကြည်စမ်းကွယ်
ဘုရားစူး ဟူး
WinOo78