အလှသစ္စာတရား
တေးဆို…ရာဇာဝင်းတင့်
By Myanmar Music Maestro
U Soe
….
မျက်စိမှိုတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ
နှလုံးသားကိုနား ဆင်ငြား
စကားတွေပြောနေလိုက်တာ
သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ
ဘာ့ကြောင့်များလည်းသိလားအချစ်ရာ
…
အနုအလှလက်ကလေးတွေနဲ့
ယုယကြင်နာစွာ
ထွေးပွေ့ယူထား သူ့အား
အတွေ့တွေ နွေးနေဆဲပါ
သည်လိုမြင်ကြားခံစားရနေသည်မှာ
စက္ကန့်မခြား နှလုံးသားနဲ့အတူပါ
….
အသည်းအသက်နဲ့ထပ်တူ ချစ်နေတာ
ဖြူစင်သောမေတ္တာ မှန်ကန်သောသစ္စာ
ကျောက်ဆစ်ရုပ်အလားပမာအသည်းဆိုင်မှာ
စွဲခိုင်မာ မပျောက်ပျက်နိုင်ပါ
လောကအလှသစ္စာတရားဖွေရှာ
ဘယ်မှာတွေ့နိုင်တာ အယူအဆများစွာ
တစ်ချို့ကတော့နှလုံးသားထဲမှာရှာ
တစ်ချို့ကဒါ ရုပ်လက္ခဏာ
ကိုယ့်အဖို့မှာကားအလှတရား
ကိုယ့်အနုပညာပါ
ကိုယ့်ရဲ့ခံစားမှုများကိုယ့်ဖန်တည်းမှုများသာ
အမြုတေပေါက်ဖွားကျောက်သားသို့အစဉ်ခိုင်မာ
မြင့်မြတ်သောအလှရဲ့သစ္စာပါ
…
…
မျက်စိမှိုတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ
နှလုံးသားကိုနား ဆင်ငြား
စကားတွေပြောနေလိုက်တာ
သူဘယ်ကိုသွား ကိုယ့်အနားရှိနေသည်မှာ
ဘာ့ကြောင့်များလည်းသိလားအချစ်ရာ
…
အနုအလှလက်ကလေးတွေနဲ့
ယုယကြင်နာစွာ
ထွေးပွေ့ယူထား သူ့အား
အတွေ့တွေ နွေးနေဆဲပါ
သည်လိုမြင်ကြားခံစားရနေသည်မှာ
စက္ကန့်မခြား နှလုံးသားနဲ့အတူပါ
….
အသည်းအသက်နဲ့ထပ်တူ ချစ်နေတာ
ဖြူစင်သောမေတ္တာ မှန်ကန်သောသစ္စာ
ကျောက်ဆစ်ရုပ်အလားပမာအသည်းဆိုင်မှာ
စွဲခိုင်မာ မပျောက်ပျက်နိုင်ပါ
လောကအလှသစ္စာတရားဖွေရှာ
ဘယ်မှာတွေ့နိုင်တာ အယူအဆများစွာ
တစ်ချို့ကတော့နှလုံးသားထဲမှာရှာ
တစ်ချို့ကဒါ ရုပ်လက္ခဏာ
ကိုယ့်အဖို့မှာကားအလှတရား
ကိုယ့်အနုပညာပါ
ကိုယ့်ရဲ့ခံစားမှုများကိုယ့်ဖန်တည်းမှုများသာ
အမြုတေပေါက်ဖွားကျောက်သားသို့အစဉ်ခိုင်မာ
မြင့်မြတ်သောအလှရဲ့သစ္စာပါ
…
ကျေးဇူးတင်ပါတယ်