menu-iconlogo
huatong
huatong
avatar

မပြီးသေးသော ပန်းချီကား

ရာဇာဝင်းတင့် huatong
No_Mie🌹huatong
بول
ریکارڈنگز
မပြီးသေးသော ပန်းချီကား

တေးဆို - ရာဇာဝင်းတင့်

No_Mie

မျက်စိကိုအနားပေး

မှေးလျက်ညအိပ်ယာဝင်

အိပ်မက်ကိုအလှည့်ပေး

အတွေးပျံလွင့်စဉ်

ချောင်းလိုလို မြစ်လိုလို

တခုသောကမ်းစပ်မှာ

ရောက်လာသည်တွင်

ချစ်သူဟာလဲ

မလှမ်းမကမ်းမှာ

ရောက်နှင့်ခဲ့တာမြင်

မျက်စိကိုအနားပေး

မှေးလျက်ညအိပ်ယာဝင်

အိပ်မက်ကိုအလှည့်ပေး

အတွေးပျံလွင့်စဉ်

ချောင်းလိုလို မြစ်လိုလို

တခုသောကမ်းစပ်မှာ

ရောက်လာသည်တွင်

ချစ်သူဟာလဲ

မလှမ်းမကမ်းမှာ

ရောက်နှင့်ခဲ့တာမြင်

ထိုစဉ်

လှော်ခတ်သူလဲ

တယောက်မပါ

သူ့အလိုလိုသာပင်

လှေကြီးတစ်စင်း

ကမ်းသို့ဆိုက်ကာဝင်

လှေဦးတွင်

သဏ္ဏာန်ထူးတခုမြင်

တစုံသောနှလုံးသား

အချစ်မြှားစူးတဲ့အသွင်

ကြည့်ရင်း ကြည့်ရင်း

အဓိပ္ပါယ်ပေါ်လွင်

ကမ်းပေါ်ကနှစ်ယောက်သား

လှုပ်ရှားသက်ဝင်

လိုက်တော့မည်ဟန်ပြင်

မောင်တွင်

မေကတော့

အိနြေ္ဒရှင် အကဲခတ်ရှာထင်

မပြီးသေးသော ပန်းချီကား

ခပ်ဝါးဝါး တစ်ချပ်ပင်

ညစဉ်ပင် ညစဉ်ပင်

မျက်စိမှိတ်လဲ

စိတ်ထဲစွဲကာမြင်

မျက်စိကိုအနားပေး

မှေးလျက်ညအိပ်ယာဝင်

အိပ်မက်ကိုအလှည့်ပေး

အတွေးပျံလွင့်စဉ်

ချောင်းလိုလို မြစ်လိုလို

တခုသောကမ်းစပ်မှာ

ရောက်လာသည်တွင်

ချစ်သူဟာလဲ

မလှမ်းမကမ်းမှာ

ရောက်နှင့်ခဲ့တာမြင်

ထိုစဉ် လှော်ခတ်သူလဲ

တယောက်မပါ

သူ့အလိုလိုသာပင်

လှေကြီးတစ်စင်း

ကမ်းသို့ဆိုက်ကာဝင်

လှေဦးတွင်

သဏ္ဏာန်ထူးတခုမြင်

တစုံသောနှလုံးသား

အချစ်မြှားစူးတဲ့အသွင်

ကြည့်ရင်း ကြည့်ရင်း

အဓိပ္ပါယ်ပေါ်လွင်

ကမ်းပေါ်ကနှစ်ယောက်သား

လှုပ်ရှားသက်ဝင်

လိုက်တော့မည်ဟန်ပြင်

မောင်တွင်

မေကတော့ အိနြေ္ဒရှင်

အကဲခတ်ရှာထင်

မပြီးသေးသော ပန်းချီကား

ခပ်ဝါးဝါး တစ်ချပ်ပင်

ညစဉ်ပင် ညစဉ်ပင်

မျက်စိမှိတ်လဲ စိတ်ထဲစွဲကာမြင်

No_Mie

ရာဇာဝင်းတင့်  کے مزید گانے

تمام دیکھیںlogo