ကြယ်ကလေး
ဆို ရာဝန
အမှောင်ယံတွေ ကြီးဆိုးတဲ့ ညတစ်ညမှာ
ကြယ်တွေဆို မလင်းလက်နိုင်ခဲ့
ငါဟာငေးကြည့်ရင်းနဲ့ မျက်ရည်ဝဲ
ဒီရင်ထဲ အလွမ်းတွေနဲ့
နေသားကျဖို့အတွက် ကြိုးစားတုန်းငါ
ဝေဝါးသွားခဲ့တဲ့ ကြယ်ကလေးရယ်
မကြွေပါနဲ့ တောင်းပန်လည်း
နင်ပျော်ရာအရပ်သို့ သွားပီပဲ
အံကိုကြိတ် နှုတ်ဆိတ်လို့ လှည့်ထွက်လာ
ငါ့ပါးထက်ကမျက်ရည်တွေ သုတ်ရင်းငါ
လှောင်ရီပြနေတဲ့ ပျော်ရွှင်မှုတွေလည်း
ငါပြန်မရနိုင်တော့ပီပဲ
ငါမှားခဲ့ဖူးတဲ့ အမှားတချို့ကို
ပြင်ဆင်ချိန်လေးမှာ
နင်ဟာဟိုးအဝေးဆုံးက
တစ်ခြားတစ်ယောက်ကို
ကြင်နာနေတဲ့အခါ
ငါဟာ သိလျှက်နဲ့ချစ်လို့
ပေးဆပ်ခဲ့ခြင်းမျိုးပါပဲ Yeah
နင်သာအနားရှိရင် ငါ့အတွက်တော့
ပျော်ရွှင်ရဆုံးပါ
တကယ်ဆို မင်းအတွက်နဲ့ ငါ့ဘဝကို
အကုန်ပုံပေးထားပေမယ့်လည်း
နင်အနားနား မရှိပေမယ့် ငါချစ်ပါတယ်
ဒဏ်ရာတွေပေးသွားတဲ့ အချစ်ရဆုံးသူ
တစ်ခြားတစ်ယောက်ရဲ့ ရင်ထဲဝယ်
ပျော်ရွှင်စွာ နားလို့နေခဲ့
ဒီလူကို လှည့်မကြည့်ပါနဲ့
လူတွေစုံ ခန်းမကြီးရဲ့အလယ်
အဖြူရောင်သတို့သမီးဝတ်စုံနဲ့
ကြယ်ကလေးရယ်
ဆိုင်သူ သတို့သားလက်ကိုတွဲ
ငါအဝေးက လှမ်းကြည့်နေရင်းကွယ်
အံကိုကြိတ် နှုတ်ဆိတ်လို့ လှည့်ထွက်လာ
ငါ့ပါးထက်ကမျက်ရည်တွေ သုတ်ရင်းငါ
လှောင်ရီပြနေတဲ့ ပျော်ရွှင်မှုတွေလည်း
ငါပြန်မရနိုင်တော့ပီပဲ
ငါမှားခဲ့ဖူးတဲ့ အမှားတချို့ကို
ပြင်ဆင်ချိန်လေးမှာ
နင်ဟာဟိုးအဝေးဆုံးက
တစ်ခြားတစ်ယောက်ကို
ကြင်နာနေတဲ့အခါ
ငါဟာ သိလျှက်နဲ့ချစ်လို့
ပေးဆပ်ခဲ့ခြင်းမျိုးပါပဲ Yeah
နင်သာအနားရှိရင် ငါ့အတွက်တော့
ပျော်ရွှင်ရဆုံးပါ
တကယ်ဆို မင်းအတွက်နဲ့ ငါ့ဘဝကို
အကုန်ပုံပေးထားပေမယ့်လည်း
နင်အနားနား မရှိပေမယ့် ငါချစ်ပါတယ်
ဟာ ဟာ..
ဟာ ဟာ...
ဟာ ဟာဟာဟာ...