သားမိုက်တစ်ယောက်နောင်တ
ေတးဆို/ ရဲထိုက်
~~~~~~~~~~~~~~~
အမိုက်စခန်းမှာ
အမှောင်လမ်းတွေမှာ
လျှောက်လမ်းကာ
ရိုင်းစိုင်းကြမ်းတမ်းစွာ
အမှားကိုအမှန်ထင်တာ
ဆိုးခဲ့လေတာမိုက်ခဲ့လေကာ
ဒီအမိုက်နွံတွင်းက
ရုန်းထွက်လို့သာ
အမေ့သားမိုက် …
အမေ့ဆီပြန်လာ....
~~~~~~~~~~~~
ဆိုးတဲ့သားကြီးကို
မိုက်တဲ့သားကြီးကို
အမေ မှတ်မိနိုင်ရဲ့လား
အမေ့ရင်ခွင်ဆီ ပြေးလို့ခိုမှီ
အချိန်များရယ် မှီပါဦးတော့မလား
ရင်မှာတွေး...လို့ပူ
အို အမေ သားမိုက်တစ်ယောက်
ပြန်လာပြီ....
~~~~~~~~~~~~~
°•°ချစ်သောနန်း°•°
~~~~~~~~~~~~~
အမေ့ အနား က
ဘက်အခါ တကယ်ခွာ
ဝတ်ကြီးဝတ်ငယ်
ကိစ္စအသွယ်သွယ်
အမေ သားကရယ်
ပြုစုလို့သာ ပေးပါ့မယ်
မိုက်ခဲ့သမျှ ဝဋ်ကြွေးတွေ
ပြေပါစေကြောင်း
ဆုလည်းမတောင်းဝံ့ပါပြီအမေ
သံသရာ…ဒီဝဋ်ကြွေးတွေ...
မပြေပါရင်လည်း..
ရှိပါစေတော့ အမေ
သားလိုလူ အတွက်တော့
ဆိုးခဲ့သမျှအပြစ်ဒဏ်
အမိုက်ဒဏ်ရာ ထိုက်တန်စွာ
ခံရတယ်ပဲ မှတ်ထင်ပါတယ် အမေ
~~~~~~~~~~~~~~
ရှုလှည့်ပါအမေ..
ကြည့်လှည့်အမေ
အမိုက်ဇာတ်တွေ သိမ်း
တရားဓမ္မနဲ့ထိန်း
ကောင်းသောလမ်းကို လှမ်း
မြတ်သောလမ်းကို မှန်း
အလင်းရောင်လေး
ငြိမ်းချမ်းတဲ့အလင်းရောင် လေး
မြင်ရတွေ့ရပါပြီ
မြင်ရ တွေ့ရပါပြီအမေ
~~~~~~~~~~~~~
°•°ချစ်သောနန်း°•°
~~~~~~~~~~~~~
အေးငြိမ်းခြင်းကို တွေ့ရပြီအမေ
အဆိုးအကောင်း အမှန်အမှား...
အထင်အရှား သိခဲ့ပါပြီ အမေ
အမေ့ကျေးဇူးတွေကို
ဘုရားအမှူးထားလို့
ဆပ်ပါရစေ အမေ
ဆပ်ပါရစေ
ဘုရား ဂုဏ်တော်
တရား ဂုဏ်တော်
သံ ဃာ ဂုဏ်တော်
တန်ခိုးတော် အပေါင်း
တရား အမှန်ညွှန်ပြ
အမှန်အလင်း ကိုမြင်
အမိုက်ဇာတ်တွေသိမ်း
ငြိမ်းအေးပါပြီ အမေ....
~~~~~~~~~~~~~~~
ကျေးဇူးတင်ပါတယ်ရှင်~~~~