menu-iconlogo
huatong
huatong
avatar

အမေ့ရွာလေး

ရဲမြင့်မြတ်huatong
pbrewer26huatong
بول
ریکارڈنگز
အမေ့ရွာလေး

ဆို ရဲမြင့်မြတ်

ရေး စလေဖြိုးကျော်

မရောက်တာကြာပြီ

မွေးရပ်မြေအမေ့ရွာလေးဆီ

မြင်ယောင်တမ်းတ

သားမောင်လွမ်းသည် လွမ်းသည်

ဟိုအဝေးမှသည် မိုးကုတ်စက်ဝိုင်းမှုန်ရီ

ပြာတလီညိုရောင်သမ်း

ထန်းတောလေးဆီ မှန်းစမျှော်ရည်

စိမ်းညို့ညို့အရောင်အသွေးနဲ့

ထုံးဖြူဖြူဘုရား စေတီ

အပြာရောင်မိုးသားအောက်မှာ

ဆေးရေးခြယ် ပန်ချီကားတစ်ချပ်ပမာ

ရင်သက်ရှုမော ပြောမဆုံးအောင်လှသည်

ဒီအချိန်ဆို

တို့ရွာကချောင်းလေးအတွင်းမှာ

လှေလေးစီးလို့ ပျော်နေကြရော့မည်

ဝါဆို ဝါခေါင် ရေတွေဖောင်တော့

လှေလေးစီးလို့ကျောင်းတက်ရပါသည်

ငယ်စဉ်ဘဝပြန်တွေးကြည့်ရင်

အမေနဲ့အတူ လှေကိုလှော်ရင်း

လယ်ထဲဆင်းတာ သတိရမိသေးသည်...

အမေ့ရွာ အမေ့ရွာလေး....စီ

မြင်ယောင်မှန်းစ တမ်းတပါသည်

ငယ်စဉ်ကလေးဘဝ တွေးစကာရည်

အမေ့ရွာဌာနီ အညာကျေး....

အမေပေးတဲ့ တာဝန်ကျေရင်

ဪ အမေပေး တဲ့ တာဝန်ကျေရင်

သားမောင်ပြန်ခဲ့မယ်လို့ တွေး....

သားမောင်ပြန်ခဲ့မယ်လို့ တွေး.......

အမေပေးတဲ့တာဝန် ကျေပွန်ပါရင်

သားဘဝရှေ့ရေး

သားဘဝအောင်မြင်ရေး

အစဉ်သာအလေးထားတဲ့

အမေ့ရွာ အမေ့အိမ်ကလေး

သားအရောက်ပြန်လာခဲ့တော့မည်...

(စကားပြော)

အမေရေ အမေနဲ့ဝေးနေသမျှ

သားရင်ထဲမှာ နေ့နေ့ညည

ထာဝရလွမ်းနေရပါတယ် အမေ

သားဘဝအောင်မြင်ရေး

သားဘဝတိုးတက်ရေးမို့

အမေနဲ့ရွာကို ခွဲခွာ နေရပေမဲ့

သားရင်ထဲမှာတစ်နေ့မှမေ့မရပါဘူးအမေ

အမေဖြစ်စေချင်တဲ့ ဆန္ဒတွေ

ပြည့်မြောက်တဲ့နေ့ကျရင်

အမေ့ရင်ခွင်ထဲကို

သား အပြေးပြန်ခဲ့ပါ့မယ်အမေ

အခုတော့ သားဘဝအောင်မြင်ရေးမို့လို့

အမေနဲ့ခဏတာလေး

ဝေးနေပါရစေအုံးတော့အမေ

အမေ့ရွာကလေးကို

သား မကြာခင်ပြန်ခဲ့ပါ့မယ် အမေရယ်

ဒီအချိန်ဆို

တို့ရွာကချောင်းလေးအတွင်းမှာ

လှေလေးစီးလို့ ပျော်နေကြရော့မည်

ဝါဆို ဝါခေါင် ရေတွေဖောင်တော့

လှေလေးစီးလို့ကျောင်းတက်ရပါသည်

ငယ်စဉ်ဘဝပြန်တွေးကြည့်ရင်

အမေနဲ့အတူ လှေကိုလှော်ရင်း

လယ်ထဲဆင်းတာ သတိရမိသေးသည်...

အမေပေးတဲ့တာဝန် ကျေပွန်ပါရင်

သားဘဝရှေ့ရေး

သားဘဝအောင်မြင်ရေး

အစဉ်သာအလေးထားတဲ့

အမေ့ရွာ အမေ့အိမ်ကလေး

သားအရောက်ပြန်လာခဲ့တော့မည်...

Thank for all

ရဲမြင့်မြတ် کے مزید گانے

تمام دیکھیںlogo