menu-iconlogo
huatong
huatong
avatar

မျှော်နေမယ်ဆောင်း

လွှမ်u200bးပိုင်u200bhuatong
༺࿐P͜͡U͜͡T͜͡U͜͡࿐༻huatong
بول
ریکارڈنگز
ဒီနှင်းရေစက်တွေထဲမှာ တစ်ယောက်ထဲ

အချစ်များနဲ့ဝေးကွာ ငါ့မှာအဖော်မဲ့

ဒီလိုအလွမ်းနေ့တွေ မနေနိုင်ဘူးအချစ်ရေ

ကိုယ် တစ်ယောက်ထဲ...

‌မျှော်လင့်ချက်လေးတွေ ဖြစ်မလာသော်လဲ

နင်ပြန်ရောက်လာမယ့်

အချိန်တိုင်းကိုငါ တမ်းတနေဆဲ

အရင်လိုအနမ်းလေးတွေ

ကိုယ်ပြန်လွမ်းဆွတ်လို့ နေဆဲ...

‌မျှော်နေမယ် ဆောင်းမနက်တွေထဲ

ဒီရင်ခွင်အိုဟောင်းလေးက အသင့်ရှိနေဆဲ

မင်းရဲ့ရင်ထဲမှာ

အချစ်တို့ ရှိသေးရင်ပြန်လာခဲ့

‌မျှော်နေမယ် ဆောင်းမနက်တွေထဲ

ဒီရင်ဟာ အမြဲအသင့်ရှိနေဆဲ

မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်

ရင်ခွင်နေရာဟောင်းလေးဆီ ပြန်ခဲ့ကွယ်

နင်ငါ့ကိုထားခဲ့တာဆောင်းတွင်းထဲ

ဘာကြောင့်လဲဆိုတာမသိပါ

ငါ့မှာအကြောင်းအရင်းမဲ့

‌အေးစက်နေတဲ့ဒီရင်ခုန်သံတွေ မဟောင်းချင်လဲ

ငါ့မှာတော့ အလွမ်းသီချင်းတွေများကို

အပေါင်းအသင်းဖွဲ့

နှင်းစက်တွေလိုမျိုး

နှလုံးသားထဲစီးဝင်ကာသွားတဲ့ မင်းရဲ့အပြုံးများလဲ

ထပ်ပီးရှိချင်တာ ဒါပေမဲ့

ဘာကြောင့်ငါ့ကို မုန်းသွားလဲနင်မရှိတော့

ဒီလိုဆောင်းမနက်ရဲ့ ကြည်နူးမှုတွေကိုပါ

ဆုံးရှုံးသွားတယ်

ပြုံးပြုံးထားလဲငါလေ မျက်ရည်တွေဝဲလာ

‌နောက်ဆုံးနှုတ်ဆက်ရတဲ့အချိန်ထိ

မုန်းမရခဲ့တဲ့ငါ

တသက်လုံးနှုတ်ဆက်သွားမယ့်

နင့်ကိုပြုံးပြနေတဲ့ငါ

အရပ်သုံးစကားနဲ့ပြောရရင်တော့

အသုံးမကျတဲ့ငနဲပါ

မင်းကောအခုနေ

ငါ့ကိုလွမ်းလို့နေမလား

မနက်ဆိုနှင်းမိုးတွေကြားမှာ

နှစ်ယောက်အတူပြေးတိုးနေကျ

ငါ့ပေါ်အမြဲတမ်းဗိုလ်ကျပီး

အနိုင်ယူဆေးထိုးနေကျ

မင်းအတွက်ပေးလို့နေကျ

‌ကော်ဖီလေး‌နွေးလို့နေမှ

အရင်လိုစောင့်နေဆဲပါပဲ

သံယောဇဉ်အဟောင်းတွေငဲ့ညာလှည့်

ငါ့မှာတော့တယောက်ထဲ

နင်ဘယ်ရင်ခွင်စီရောက်နေမလဲ

ငါ့ဆီတခေါက်တလေပဲဖြစ်ဖြစ်ကွာ

ပြန်လာပါ ‌ဆောင်းတွင်းရဲ့တိုက်ခတ်တဲ့ ‌

‌အေးမြတဲ့မြောက်လေနဲ့

အခုလိုနှင်းဖွဲကျနေချိန်မှာမမေ့ဖို့

တို့နှစ်ယောက် အတူရှိခဲ့ဖူးတာတွေကိုတွေးလို့

အရင်လိုနွေးထွေးမှုတွေကို

ငါပြန်လိုချင်နေသေးလို့

အချစ်တို့နဲ့ပြန်လာပါ ရင်ခွင်အိုလေးသို့

‌အေးချမ်းလွန်းတဲ့ ဒီဆောင်းညတွေ

ဖြတ်သန်းရင်း မင်းအတွက်အမြဲတမ်းရှိနေပေး

မြူနှင်းများဖုံးတဲ့ ဒီလမ်းလေးပေါ်

‌လျှောက်လှမ်းရင်း

မင်းအကြောင်းများပဲ‌တွေးမိသေး

နင်ပြန်လာမယ့်နေရက်တွေ

ကိုယ်‌စောင့်မျှော်နေ

‌မျှော်နေမယ် ဆောင်းမနက်တွေထဲ

ဒီရင်ခွင်အိုဟောင်းလေးက အသင့်ရှိနေဆဲ

မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်ပြန်လာခဲ့

‌မျှော်နေမယ် ဆောင်းမနက်တွေထဲ

ဒီရင်ဟာ အမြဲအသင့်ရှိနေဆဲ

မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်

ရင်ခွင်နေရာဟောင်းလေးဆီ ပြန်ခဲ့ကွယ်

🌨️🌁🌨️🌁🌨️🌁🌨️

Upload by 🅽🆄_🅽🆄

လွှမ်u200bးပိုင်u200b کے مزید گانے

تمام دیکھیںlogo