menu-iconlogo
huatong
huatong
avatar

ကျွန်တော်နှင့်မီးပွိုင့်

ဝေလhuatong
renbur7huatong
بول
ریکارڈنگز
ကျွန်တော်နဲ့ မီးပွိုင့်

(ရေး ဆို ဝေလ)

မနက်အစောကြီးထလို့ပန်းတွေကောက်

စျေးဗန်းလေးနဲ့လမ်းပေါ်လျှောက်

အမေဆေးခန်းပြဖို့ပိုက်ဆံစုရမယ်

ပန်းရောင်းကောင်းဖို့အတွက်ဆုတောင်း

ကောက်ညှင်းပေါင်းစားပြီးစျေးတွေရောင်း

အဖေ အားဆေးလေးများစျေးတွေကောင်း

အဖေကြိုက်တဲ့ကြေးအိုးလေးဝယ်ကျွေးဖို့ကွယ်

ပန်းရောင်းကောင်းဖို့အတွက်ဆုတောင်း

ကမ္ဘာကြီးထဲမှာအရာရာတိုင်းတိုးတက်ကြပါစေ

ဒီမီးပွိုင့်အဟောင်းကြီးတော့

ခဏကျန်စေချင်ပါတယ်

အဖေနဲ့အမေ့လိုအင်ဆန္ဒဖြည့်ရတဲ့အချိန်

အမှန်တွေကိုခဏမြိုသိပ်ထားတယ်….

မီးပွိုင့်ကြီးရေ နီလိုက်ဦး.....

အခုထိစျေးဦးမပေါက်သေးလို့..

မီးပွိုင့်ပျက်ရင်ပိုပြီး

ရောင်းကောင်းလွန်းတယ်

ကျွန်တော်ဟာ အတ္တကြီးတဲ့ပန်းသည်ဗျို့

မီးပွိုင့်ကြီးက ကျတော့အသည်းနှလုံး…

ဟိုး ကားများပိတ်ရင်ပျော်လို့မဆုံး

မီးစိမ်းပြချိန်ခဏပဲသတ်မှတ်ပေးကွယ်

ကျတော်ဟာ တစ်ဖက်တည်းကြည့်တဲ့

ပန်းသည်ဗျို့

ကျောင်းသွားတော့မယ့် ကျွန်တော့်ညီတစ်ယောက်

မုန့်ဟင်းခါးစားဖို့ ၃၀၀ လောက်တဲ့

စာများများတတ်ဖို့ကျောင်းကိုသွားတော့ကွယ်

မင်းကငါ့ထက်အဖိုးတန်တယ်

ကမ္ဘာကြီးထဲမှာအရာရာတိုင်းတိုးတက်ကြပါစေ

ဒီမီးပွိုင့်အဟောင်းကြီးတော့

ခဏကျန်စေချင်ပါတယ်

အဖေနဲ့အမေ့လိုအင်ဆန္ဒဖြည့်ရတဲ့အချိန်

အမှန်တွေကိုခဏမြိုသိပ်ထားတယ်…..

ဟိုး မီးပွိုင့်ကြီးရေ နီလိုက်ဦး.....

အခုထိစျေးဦးမပေါက်သေးလို့

မီးပွိုင့်ပျက်ရင်ပိုပြီး

ရောင်းကောင်းလွန်းတယ်

ကျွန်တော်ဟာ အတ္တကြီးတဲ့ပန်းသည်ဗျို့..

မီးပွိုင့်ကြီးဟာ ကျတော့အသည်းနှလုံး

ဟိုး ကားများပိတ်ရင်ပျော်လို့မဆုံး

မီးစိမ်းပြချိန်ခဏပဲသတ်မှတ်ပေးကွယ်

ကျတော်ဟာ တစ်ဖက်တည်းကြည့်တဲ့

ပန်းသည်ဗျို့

ကျွန်တော်ဟာ အတ္တကြီးတဲ့ ပန်းသည်ဗျို့…..

ဝေလ کے مزید گانے

تمام دیکھیںlogo