ပြုံးတဲ့မေ
အောင်ရင်
ချစ်ဗိမာန်ကျွန်းသာစွမြေ
အရမ်းပင် ရွက်ဖွင့်လှစ်ကာ
တစ်ခေါက်ဖြင့်ရောက်ခဲ့ဘဝတာ
ခရီး...မှာလေ
ချစ်ဗိမာန်ကျွန်းသာစွမြေ
အရမ်းပင် ရွက်ဖွင့်လှစ်ကာ
တစ်ခေါက်ဖြင့်ရောက်ခဲ့ဘဝတာ
ခရီး...မှာလေ
အညှို့ရယ်သန်
ချစ်ခိုးလျှံမျက်လုံးလှတဲ့ ဗိမာန်ရှင်မဘွေ
ချစ်တေးချိုစကားတွေ သူဆိုပါလို့လေ
အညှို့ရယ်သန်
ချစ်ခိုးလျှံမျက်လုံးလှတဲ့ ဗိမာန်ရှင်မဘွေ
ချစ်တေးချိုစကားတွေ သူဆိုပါလို့လေ
ခုတော့လွဲသွေ လှောင်သလိုလို ပြုံးတဲ့မေ
အသည်းနှလုံးဟာ
မေ့ဆီမှာသာကျန်ရစ်ခဲ့ပေါ့လေ
ချစ်ခွင့်မကြုံ
လွမ်းရိပ်မြုံမှာ တစ်ကိုယ်ရေ
အချစ်၏ လင်းရောင်ခြည်
မောင့်မှာ ဆိတ်သုဉ်းခဲ့ပြီလေ
ချစ်ခွင့်မကြုံ
လွမ်းရိပ်မြုံမှာ တစ်ကိုယ်ရေ
အချစ်၏ လင်းရောင်ခြည်
မောင့်မှာ ဆိတ်သုဉ်းခဲ့ပြီလေ
အတိတ်ကြေးမုံကို ပြန်လည်တွေး
မှေးမှိန်ရေးရေး
မျှော်ငေးမိ မှုန်ဝေဝေ
ဘဝရဲ့ ပဲ့လှေ မထိန်းနိုင်တော့ပြီလေ
ခုတော့လွဲသွေ လှောင်သလိုလို ပြုံးတဲ့မေ
အသည်းနှလုံးဟာ
မေ့ဆီမှာသာကျန်ရစ်ခဲ့ပေါ့လေ
ချစ်ဗိမာန်ကျွန်းသာစွမြေ
အရမ်းပင် ရွက်ဖွင့်လှစ်ကာ
တစ်ခေါက်ဖြင့်ရောက်ခဲ့ဘဝတာ
ခရီး...မှာလေ
ချစ်ဗိမာန်ကျွန်းသာစွမြေ
အရမ်းပင် ရွက်ဖွင့်လှစ်ကာ
တစ်ခေါက်ဖြင့်ရောက်ခဲ့ဘဝတာ
ခရီး...မှာလေ
အညှို့ရယ်သန်
ချစ်ခိုးလျှံမျက်လုံးလှတဲ့ ဗိမာန်ရှင်မဘွေ
ချစ်တေးချိုစကားတွေ သူဆိုပါလို့လေ
အညှို့ရယ်သန်
ချစ်ခိုးလျှံမျက်လုံးလှတဲ့ ဗိမာန်ရှင်မဘွေ
ချစ်တေးချိုစကားတွေ သူဆိုပါလို့လေ
ခုတော့လွဲသွေ လှောင်သလိုလို ပြုံးတဲ့မေ
အသည်းနှလုံးဟာ
မေ့ဆီမှာသာကျန်ရစ်ခဲ့ပေါ့လေ
ချစ်ခွင့်မကြုံ
လွမ်းရိပ်မြုံမှာ တစ်ကိုယ်ရေ
အချစ်၏ လင်းရောင်ခြည်
မောင့်မှာ ဆိတ်သုဉ်းခဲ့ပြီလေ
ချစ်ခွင့်မကြုံ
လွမ်းရိပ်မြုံမှာ တစ်ကိုယ်ရေ
အချစ်၏ လင်းရောင်ခြည်
မောင့်မှာ ဆိတ်သုဉ်းခဲ့ပြီလေ
အတိတ်ကြေးမုံကို ပြန်လည်တွေး
မှေးမှိန်ရေးရေး
မျှော်ငေးမိ မှုန်ဝေဝေ
ဘဝရဲ့ ပဲ့လှေ မထိန်းနိုင်တော့ပြီလေ
ခုတော့လွဲသွေ လှောင်သလိုလို ပြုံးတဲ့မေ
အသည်းနှလုံးဟာ
မေ့ဆီမှာသာကျန်ရစ်ခဲ့ပေါ့လေ
ရွှင်လန်းချမ်းမြေ့ကြပါစေ...