သီချင်း - ဘောင်
တေးဆို - အောင်လ
လူငယ်လူကြီးကြားထဲမှာ
အမြင်တွေမတူတတ်ကြတဲ့အခါ
တစ်ဘက်ကမြင်သလို
တစ်ဘက်ကမတွေးနိုင်ဘူး
ဘယ်သူမှလည်းအမြဲမမှန်ဘူး
ဘယ်သူကမှအမှားမကင်းနိုင်ဘူး
နှလုံးသားရှိရင်ခံစားတတ်တယ်
အသိတစ်ခုရှိရင်
ဘောင်ဟာသတ်မှတ်ချက်
လူသားတိုင်းကိုယ်ကျင့်တရားနဲ့သိက္ခာ
အတူရှိနေနိုင်ခြင်းအတွက်
လမ်းပြပေးပါ
အနာဂတ်ဟာ အမြဲလှပနေမှာပါ
ယုံကြည်မှုသာပေးပါ..ပေးပါ
အပြောင်းအလဲကြား
အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်မှုတွေ
အမှန်ကိုရင်ဆိုင်ဖို့ ရိုးသားမှုတွေ
သံသယနဲ့လွန်ပြိုင်
အားစိုက်ထုတ်မှုရဲ့ကြား
ဘယ်သူမှလည်းအမြဲမမှန်ဘူး
ဘယ်သူကမှအမှားမကင်းနိုင်ဘူး
နှလုံးသားရှိရင်ခံစားတတ်တယ်
အသိတစ်ခုရှိရင်
ဘောင်ဟာသတ်မှတ်ချက်
လူသားတိုင်းကိုယ်ကျင့်တရားနဲ့သိက္ခာ
အတူရှိနေနိုင်ခြင်းအတွက်
လမ်းပြပေးပါ
အနာဂတ်ဟာ အမြဲလှပနေမှာပါ
ယုံကြည်မှုသာပေးပါ..ပေးပါ
အဆိုးအကောင်းကိုခံစားတတ်မှသာ
မနက်ဖြန်ဆိုတာ
အသီးအပွင့်များစွာရဲ့ကြား
လှပနေမှာလား အိုး
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
လူသားတိုင်းကိုယ်ကျင့်တရားနဲ့သိက္ခာ
အတူရှိနေနိုင်ခြင်းအတွက်
လမ်းပြပေးပါ
အနာဂတ်ဟာ အမြဲလှပနေမှာပါ
ယုံကြည်မှုသာပေးပါ..ပေးပါ
အဆိုးအကောင်းကိုခံစားတတ်မှသာ
မနက်ဖြန်ဆိုတာ
အသီးအပွင့်များစွာရဲ့ကြား
လှပနေမှာလား အိုး
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ
ဘောင်တွေထဲက ငါ့ကမ်ဘာ