သီချင်းဧည့်သည်
အေးချမ်းမေ
upload ဆောင်းနှင်းဖြူ
.. .. .. ..
အဆောင်ရှေ့ကသီချင်းသံ
တမ်းတနေမိတယ်
ဟိုအရင်အချိန်လေးဒီလိုညတွေ
သူရှိတယ်..
လေထဲမှာလွင့် သူ့သီချင်းသံလေး
တမ်းတနေတယ်
အချိန်တွေကုန်လို့အချစ်ရောက်မလာရင်
ဆွေးရတယ်..
တို့ ကျောင်းသွားတဲ့အခါ
တို့နောက်မှာအရိပ်လို မြင်သာရုံလေး
ကွယ်ရာတစ်ခုမှာ သူကြည့်နေ..
ဖွင့်မပြောပေမဲ့ တို့နားလည်တယ်
သူ့အဖြစ်တွေကို
ကြာလာတော့လဲ နှလုံးသားထဲမှာ
တိုးတိတ်ငြိတွယ်..
အခုတော့ ဘယ်ဆီများ
ပြေးပုန်းနေလဲကွယ်
အချစ်အရိပ်တွေလဲ ရှာနေရတာ
ရင်မောတယ်..
ဒီသီချင်းသံလေး ဒီအရိပ်ပုံလေး
မရှိတော့ရင်လေ
ရှင်သန်မှုများ တို့ရဲ့တစ်နေ့တာ
ခြောက်သွေ့လွန်းတယ်..
ကြုံကြိုက်တဲ့သဘောနဲ့
တို့ရဲ့အဆောင်ရှေ့ကို သူလာပါလား
မျှော်နေမိတယ် သိလားကွယ်..
ရင်ဖွင့်နေတဲ့ သူ့သီချင်းသံလေး
မကြားရရင်လေ
သန်းခေါင်ယံညများတစ်မျိုးလေးရင်ကို
နှိပ်စက်တယ်..
.. .. .. ..
အခုတော့ ဘယ်ဆီများ
ပြေးပုန်းနေလဲကွယ်
အချစ်အရိပ်တွေလဲ ရှာနေရတာ
ရင်မောတယ်..
ဒီသီချင်းသံလေး ဒီအရိပ်ပုံလေး
မရှိတော့ရင်လေ
ရှင်သန်မှုများ တို့ရဲ့တစ်နေ့တာ
ခြောက်သွေ့လွန်းတယ်..
ကြုံကြိုက်တဲ့သဘောနဲ့
တို့ရဲ့အဆောင်ရှေ့ကို သူလာပါလား
မျှော်နေမိတယ် သိလားကွယ်..
ရင်ဖွင့်နေတဲ့ သူ့သီချင်းသံလေး
မကြားရရင်လေ
သန်းခေါင်ယံညများတစ်မျိုးလေးရင်ကို
နှိပ်စက်တယ်..
ရင်မှာလေလွမ်း တမ်းတနေတယ်
သီချင်းဧည့်သည်..
သံစဥ်ချိုများ ကြားပါရစေနော်
အခုည ကွယ်..
... ...