menu-iconlogo
huatong
huatong
avatar

သူ့အလုပ်ကိုယ့်အလုပ်

အေးမြသူhuatong
davidlawrencehuatong
بول
ریکارڈنگز
သူ့အလုပ်ကိုယ့်အလုပ်

တေးရေး ပရဟိတနှလုံးသား ( နေပြည်တော် )

တေးဆို အေးမြသူ

မနုဿသတ္တဘာဝေါ ဒုလ္လဘော

ဘုရားဟော တရားသဘောနဲ့အညီ

လူ့ဘဝဆိုတာ ရဖို့ရန် မလွယ်ကူပြီ

ရခဲလှစွာ လူ့ဘဝကြီးကို ရလာကြသည်

အကောင်းအဆိုး အကြောင်းအကျိုးလည်း

ခွဲခြား...သိရမည်

ဒါမှ လူပီသသည်

တန်ဖိုးလည်း သိဖို့လိုပါသည်...

မနုဿသတ္တဘာဝေါ ဒုလ္လဘော

ဘုရားဟော တရားသဘောနဲ့အညီ

လူ့ဘဝဆိုတာ ရဖို့ရန် မလွယ်ကူပြီ

ရခဲလှစွာ လူ့ဘဝကြီးကို ရလာကြသည်

အကောင်းအဆိုး အကြောင်းအကျိုးလည်း

ခွဲခြား...သိရမည်

ဒါမှ လူပီသသည်

တန်ဖိုးလည်း သိဖို့လိုပါသည်...

လူ့ဘ၀ အပန်းဖြေသဘော..

သမုဒယ စမ်းရေတကြောမှာ

အနုအလှပန်းတွေ မြောလို့သာ

ဇနီးမယား လင်ယောင်္ကျား

သမီးနဲ့သား ပစ္စည်းဥစ္စာ

ခင်မင်ယုယ သမုဒယ သစ္စာ

ဒါပေမယ့် လူ့ဘဝအကြောင်း..

သမုဒယနဲ့ ပေါင်းမိတာ

တခုမှပင် မကောင်းခဲ့ပါ

ဖြစ်သမျှအရာ ပျက်ရမည်သာ

ဒုက္ခဝေဒနာ သရုပ်ပြကြေညာ

ဗုဒ္ဓဒေသနာမှာ ရှာကြံကြပါ

ဉာဏ်ဖွေဆ အမှန်တွေပြရင်

သံဝေဂ ရမှာ အလွန်သေချာ...

ခန္ဓာရလာ အိုရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာရလာ နာရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာရလာ သေရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာကိုယ် အတ္တဘောကြီးက

သူ့သဘောကို သူဆောင်နေတာ

သူ့အလုပ် ဝင်ရှုပ်၍မရပါ

ကိုယ့်အလုပ် ကိုယ်လုပ်ကြ...ရမှာ

ဒါနပြုကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

သီလတည်ကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

ဘာဝနာပွားကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

မနုဿသတ္တဘာဝေါ ဒုလ္လဘော

ဘုရားဟော တရားသဘောနဲ့အညီ

လူ့ဘဝဆိုတာ ရဖို့ရန် မလွယ်ကူပြီ

ရခဲလှစွာ လူ့ဘဝကြီးကို ရလာကြသည်

အကောင်းအဆိုး အကြောင်းအကျိုးလည်း

ခွဲခြား...သိရမည်

ဒါမှ လူပီသသည်

တန်ဖိုးလည်း သိဖို့လိုပါသည်...

လူ့ဘ၀ အပန်းဖြေသဘော..

သမုဒယ စမ်းရေတကြောမှာ

အနုအလှပန်းတွေ မြောလို့သာ

ဇနီးမယား လင်ယောင်္ကျား

သမီးနဲ့သား ပစ္စည်းဥစ္စာ

ခင်မင်ယုယ သမုဒယ သစ္စာ

ဒါပေမယ့် လူ့ဘဝအကြောင်း..

သမုဒယနဲ့ ပေါင်းမိတာ

တခုမှပင် မကောင်းခဲ့ပါ

ဖြစ်သမျှအရာ ပျက်ရမည်သာ

ဒုက္ခဝေဒနာ သရုပ်ပြကြေညာ

ဗုဒ္ဓဒေသနာမှာ ရှာကြံကြပါ

ဉာဏ်ဖွေဆ အမှန်တွေပြရင်

သံဝေဂ ရမှာ အလွန်သေချာ...

ခန္ဓာရလာ အိုရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာရလာ နာရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာရလာ သေရမှာ အဲ့ဒါသူ့အလုပ်ပါ

ခန္ဓာကိုယ် အတ္တဘောကြီးက

သူ့သဘောကို သူဆောင်နေတာ

သူ့အလုပ် ဝင်ရှုပ်၍မရပါ

ကိုယ့်အလုပ် ကိုယ်လုပ်ကြ...ရမှာ

ဒါနပြုကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

သီလတည်ကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

ဘာဝနာပွားကာ နေရမှာ အဲ့ဒါကိုယ့်အလုပ်ပါ

စာသား စာလုံးပေါင်း

မှားယွင်းမှုများရှိပါက တောင်းပန်ပါသည်။

အမှန်သိလို့ပြောပေးရင်

ပြန်ပြင်ပေးပါ့မယ်ရှင့်။

Thank You!

အေးမြသူ کے مزید گانے

تمام دیکھیںlogo