နောက်ဆုံးမင်းရဲ့ရင်ခွင်ဆီ
ရေး ရွှေဂျော်ဂျော်
ဆို ဇော်ပိုင်၊ ချောစုခင်
Intro:
ဘယ်ဆီမှာရည်ရွယ်ရာ
ကွယ်ကာပျောက်ဆုံးချိန် …
ချိုမြိန်သောအနမ်းတစ်ချက်
ကိုယ့်နဖူးထက်ဆီ …
နာကျင်စွာဒဏ်ရာတွေ
ကိုယ်ရင်မှာအပြည့်ပါ …
ရင်ထဲထွေးပွေ့ကိုယ်ငိုမိပြီ …
အဆုံးအစမဲ့တဲ့
မိုးသားကောင်းကင်ဖြတ် …
အမောအပန်းများနဲ့
လှိုင်းကြမ်းညတို့ဖြတ် …
တမ်းတရင်းနဲ့အလင်းတန်းနေ့တို့
ဖြတ်ပြန်ခဲ့ပြီ …
အချစ်ဆုံးပဲမင်းရဲ့ရင်ခွင်ဆီ …
..........
ကိုယ်လေရင်ခွင်မှာကွယ်
လိုနေတာမင်းပေါ့ …
ရင်ထဲမင်းပေးတဲ့ဘ၀ရဲ့
အဓိပ္ပာယ် …
ရှင်သန်နေထိုင်ချိန်တွေ
ရည်ရွယ်တာမင်းပေါ့ …
ကိုယ်ရင်ထဲမင်းပဲယုံကြည်မိပြီ …
အဆုံးအစမဲ့တဲ့
မိုးသားကောင်းကင်ဖြတ် …
အမောအပန်းများနဲ့
လှိုင်းကြမ်းညတို့ဖြတ် …
တမ်းတရင်းနဲ့အလင်းတန်းနေ့တို့
ဖြတ်ပြန်ခဲ့ပြီ …
နောက်ဆုံးပဲ မင်းရဲ့ရင်ခွင်ဆီ …
ကံကြမ္မာလှိုင်းကြမ်းများ
တွေ့ကြုံဆုံရင်း …
ယုံကြည်အားများ
ရင်မှာအပြည့်ပေါ့ …
အခြေအနေတွေခြားလည်း
ရင်မှာနားလည်
မျှော်လင့် …
ရင်ထဲမှာမင်းအတွက်နဲ့ …
မျှော်လင့်လျက်နော် …
နောက်ဆုံးပဲ မင်းရဲ့ရင်ခွင်ဆီ …
အဆုံးအစမဲ့တဲ့
မိုးသားကောင်းကင်ဖြတ် …
အမောအပန်းများနဲ့
လှိုင်းကြမ်းညတို့ဖြတ် …
တမ်းတရင်းနဲ့အလင်းတန်းနေ့တို့
ဖြတ်ပြန်ခဲ့ပြီ …
နောက်ဆုံး
မင်းရဲ့ရင်ခွင်ဆီ …
အဆုံးအစမဲ့တဲ့
မိုးသားကောင်းကင်ဖြတ် …
အမောအပန်းများနဲ့
လှိုင်းကြမ်းညတို့ဖြတ် …
တမ်းတရင်းနဲ့အလင်းတန်းနေ့တို့
ဖြတ်ပြန်ခဲ့ပြီ …
အချစ်ဆုံးပဲ မင်းရဲ့ရင်ခွင်ဆီ …
နောက်ဆုံးပဲ မင်းရဲ့
ရင်ခွင် …
ဆီ …
Thanks