menu-iconlogo
huatong
huatong
avatar

မိုး

ဆောင်ဦးလှိုင်huatong
Yadanarmoe💫M.oo.N💫🎼huatong
بول
ریکارڈنگز
*မိုး*

တေးဆို - ဆောင်းဦးလှိုင်

မိုးဖွဲလေးများကျတဲ့

ကောင်းကင်ကြီးရဲ့အောက်မှာ

နှစ်ယောက်တည်းပဲ

တစ်ခါပြန်ဆုံဦးမလား ကြုံဦးမလား

စလို့ရရင် ပြန်အစပြုချင်တယ်…

ရွှေလက်တွဲမြဲနိုင်အောင်

အဖြူစင်ဆုံးဘဝတွေမှာ

အတူဆုတောင်း…..

လွဲလွဲသွားတဲ့ဆုံမှတ်များ ချစ်ရက်သားနဲ့

ကမ္ဘာတွေခြား ဝေးပြီ….

ဟိုအရင်တစ်ခါ အနမ်းဖွဖွလေးတွေ

ပါးနုနုထက်မှာ

အခါသင့်တိုင်း ချွေပါဦးပြောသူရေ…

မိုးစက်လေးများ တဖွဲဖွဲ

ညနေခင်းရဲ့လမ်းပေါ် နှစ်ယောက်တည်းပဲ

နောင်တခါကြုံဦးမလား ဆုံဦးမလား

ဒီနိဒါန်းလေး ပြန်အစပြုချင်တယ်

လွဲလွဲသွားတဲ့ဆုံမှတ်များ ချစ်ရက်သားနဲ့

ကမ္ဘာတွေခြား ဝေးပြီ….

ရွှေလက်တွဲမြဲနိုင်အောင်

အဖြူစင်ဆုံးဘဝတွေမှာ

အတူဆုတောင်း

ထင်ကျန်တဲ့အနမ်းဖွဖွလေးတွေ ပါးနုနုထက်မှာ

အခါသင့်တိုင်း

ချွေစေချင်တဲ့ ချစ်သူရေ….

အချစ်စစ်ဆိုတာမျိုး မင်းမှမသိဘဲ

အခြားလူတွေလိုတော့ မပေါ့ဆပါနဲ့

ငါ့အတွက် တစ်ဘဝလုံး

မင်းအတွက် တစ်ဘဝလုံး

မယုံရင်လည်း သဘောလေ

အချစ်စစ်ဆိုတာမျိုး မင်းမှမသိဘဲ

အခြားလူတွေလိုတော့ မပေါ့ဆပါနဲ့

ငါ့အတွက် တစ်ဘဝလုံး

မင်းအတွက် တစ်ဘဝလုံး

မယုံချင်လည်း သဘောလေ..

မိုးဖွဲလေးများကျတဲ့

ကောင်းကင်ကြီးရဲ့အောက်မှာ

နှစ်ယောက်တည်းပဲ

တစ်ခါပြန်ဆုံဦးမလား ကြုံဦးမလား

စလို့ရရင် ပြန်အစပြုချင်တယ်…

ရွှေလက်တွဲမြဲနိုင်အောင်

အဖြူစင်ဆုံးဘဝတွေမှာ

အတူဆုတောင်း…..

လွဲလွဲသွားတဲ့ဆုံမှတ်များ ချစ်ရက်သားနဲ့

ကမ္ဘာတွေခြား ဝေးပြီ….

ဟိုအရင်တစ်ခါ အနမ်းဖွဖွလေးတွေ

ပါးနုနုထက်မှာ

အခါသင့်တိုင်း ချွေပါဦးပြောသူရေ…

အချစ်စစ်ဆိုတာမျိုး မင်းမှမသိဘဲ

အခြားလူတွေလိုတော့ မပေါ့ဆပါနဲ့

ငါ့အတွက် တစ်ဘဝလုံး

မင်းအတွက် တစ်ဘဝလုံး

မယုံရင်လည်း ရှိပါစေ..

အချစ်စစ်ဆိုတာမျိုး မင်းမှမသိဘဲ

အခြားလူတွေလိုတော့ မပေါ့ဆပါနဲ့

ငါ့အတွက် တစ်ဘဝလုံး

မင်းအတွက် တစ်ဘဝလုံး

မယုံရင်လည်း သဘောလေ..

ကျေးဇူးတင်ပါတယ်

ဆောင်ဦးလှိုင် کے مزید گانے

تمام دیکھیںlogo