G လူပျက်ကလေး မောင်ရွှေရိုး
B ဗျာ ဗျ
G တစ်ကယ်ပဲ သူမရိုး
B ရိုးပါတယ် ဗျာ့
G အနားမကပ်နဲ့ ပြောထားရက်နဲ့
တိတ်တခိုးနဲ့ သူက ကြိတ်ပိုး
B ဟန်မဆောင်တက်လို့ပါ
G လူရှေ့ကျ သူ့အချိုးက တစ်မျိုး
B ချစ်လို့ပါဗျ
G ဆိုးဆိုး လူပျက်ကလေးမောင်ရွှေရိုး
G လူပျက်ကလေး မောင်ရွှေရိုး
B ပြောလေ
G တစ်ကယ်ပဲ သူမရိုး
B ရိုးပါတယ်ဗျာ့
G အနားမကပ်နဲ့ ပြောထားရက်နဲ့
တိတ်တခိုးနဲ့ သူကကြိတ်ပိုး
B တစ်ကယ်ချစ်လို့ တစ်ကယ်ချစ်လို့
Gလူရှေ့ကျ သူ့အချိုးကတစ်မျိုး
Bချစ်လို့ပါလို့ ပြောနေမှ
G ဆိုးဆိုး လူပျက်ကလေးမောင်ရွှေရိုး
B မင်းသမီးကို ပိုးရတာ
နှစ်လ တာရှည်ကြာ
ရင်ထဲ တသသ အုံ့ပုန်းလေးဘဝ
ရွှေမင်းသမီးရယ် ဗျာ
G မယုံပါဘူး
B မချစ်ဘဲလည်း မနေနိုင်ပါ
မကြိုက်ဘဲလည်း မနေနိုင်ပါ
G ဟောတော့ပြောလေကဲလေပါလား
B ရွှေမင်းသမီးရာ
လူပျက်ကလေးလည်းရင်မှာအသည်းနဲ့ပါ
G မောင်ရွှေရိုး တစ်ယောက်အတွက်
အကြံ ခက်နေပြန်ရာ
B မခက်ပါဘူးဗျာ
G တော်ရာ တန်ရာ မမှန်းလို
ကြေကွဲနေမယ် ဆရာ
B လူပျက်ကလေး တစ်ယောက်မို့
မလိုက်လျောချင် နေပါ
G ဟင် မုန်းစရာကြီး
B ဘယ်လို ထင်ထင် ချစ်မယ့်
ဆယ်သက် ဆယ်ကမ္ဘာ
G ရွှေရိုးလေး လာမရှုပ်နဲ့ကွာ
မင်းသမီးမို့ အားနာပါ
B ချစ်လွန်းလို့ပါဗျာ
G လူရွှင်တော် မျက်ရည်ကျရင်
ကြည့်မကောင်းဘူး ဆရာ ဆရာ ဆရာ
B ကျွန်တော့ ရည်ရွယ်ချက်
အလွန် ကြီးမားလို့ မရဘူး ချစ်မှာပဲ
G အဲ့ဒါ ဘာလုပ်ရမလဲ
B တိုက်နဲ့ကား ယူမလား
G မလိုပါဘူး
B မင်းသမီးလေး အလိုကျ
G မလိုပါဘူးဆို
B ပြော ပြော ပြောစမ်းပါ ခင်ဗျာ့
G လူပျက်ကလေး မောင်ရွှေရိုး
B ဗျာ ဗျာ့
G လူပျက်ကလေး မောင်ရွှေရိုး
ယုံတမ်းစကားတွေ လာပြီးပြောမနေနဲ့
B ဒါဆိုရင် ဘယ်လိုပြောရမှာလဲ
G တော်ရုံ တန်ရုံ ကြွား..
လေတွေ တော်တော်ထွား
B မကြွားပါဘူးဗျာ တကယ်ပြောတာ
G မင်းကလေးက လူပျက်ကလေး
B ဟုတ်တယ်လေ
G မင်းကလေးက လူပျက်ကလေး
B မှန်ပါ့ဗျာ
G မောင်ရွှေရိုး မောင်ရွှေရိုး
မယုံဘူး မယုံဘူး မောင်ရွှေရိုး
B တယ်လည်းခက်တဲ့ရွှေမင်းသမီးလေးပဲ
B ကျွန်တော့်ရည်ရွယ်ချက်
အလွန် ကြီးမားလို့ မရဘူး ချစ်မှာပဲ
G အဲ့ဒါ ဘာလုပ်ရမှာလဲ
B တိုက်နဲ့ကား ယူမလား
G မလိုပါဘူး
B မင်းသမီးလေး အလိုကျ
G မလိုပါဘူးဆို
B ပြော ပြော ပြောစမ်းပါ ခင်ဗျာ့
G လူပျက်ကလေး မောင်ရွှေရိုး
B ဗျာ ဗျာ့
G လူပျက်ကလေး မောင်ရွှေရိုး
B ဗျာ ဗျာ့
G ယုံတမ်းစကားတွေလာပြီးပြောမနေနဲ့
B ဟား ဟား ဒါဆိုဘယ်လိုပြောရမလဲ
G တော်ရုံ တန်ရုံ ကြွား..
လေတွေ တော်တော်ထွား
B မကြွားပါဘူးဗျာ တစ်ကယ်ပြောတာ
G မင်းကလေးက လူပျက်ကလေး
B ဟုတ်တယ်လေ
G မင်းကလေးက လူပျက်ကလေး
B ဟာ ဟာ မှန်ပါ့ဗျာ
G မောင်ရွှေရိုး မောင်ရွှေရိုး
မယုံဘူး မယုံဘူး မောင်ရွှေရိုး
B တယ်ခက်ပါလားကွာ
သံယောဇဉ်ကြီးတယ် ထားကညာရယ်
G ဟင်း ဟင်း ရယ်စရာကြီး
B ရွှေမေတ္တာ ထားကာ သနားပါကွယ်
G ရှင်လွန်ပြီနော်
B သံယောဇဉ်ကြီးတယ် ထားကညာရယ်
ရွှေမေတ္တာ ထားကာ သနားပါကွယ်
G မသနားပါဘူး
B မင်းသမီးကို မချစ်ရရင်
ရင်ထဲမှာ ဟာသလိုပင်
ကျွန်တော်ရွှေရိုး ကျန်ရစ်မဖြစ်ချင်
ချစ်မယ်ချစ်မယ် ချစ်မယ် ထာဝစဉ်
မင်းသမီးနဲ့မောင်ရွှေရိုး..
အဆုံးမသတ်တဲ့ ချစ်ပုံပြင်
နှလုံးသားရေး ဆွေးနွေးဖို့ရာ
အငြိမ့် ဇာတ်ခုံပေါ်တွင်
ရွှေပွဲလာများအတွက်
မမော မပန်းတမ်းကို က မှာပင်
ရွှေမင်းသမီးရယ် ရွှေရိုးကလေးရယ်
ထာဝရမခွဲတမ်း ရှိနေပါမယ် အစဉ်