menu-iconlogo
huatong
huatong
avatar

မိုးခါးရေ

ဒေးဗစ်လိုင်huatong
rlliebermanhuatong
بول
ریکارڈنگز
မိုးခါးရေ

David Lai

ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအာင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သောလူသား

တစ်ယောက်ဖြစ်ချင်တယ်...

လူတွေကို ငါခွင့်လွှတ်တတ် လာတယ်

တစ်ခါတစ်ရံ မျှော်လင့်သလောက် မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ ငါ့ကို

ချနင်းပြီးဟားတိုက် လှောင်ဦးမလား

ခံနိုင်ရည်ရှိသောလူသား

တစ်ယောက်ဖြစ်ချင်တယ်...

တကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဖူး မိုးခါးရေများ..

လူတွေကို ငါခွင့်လွှတ်တတ် လာတယ်

တစ်ခါတစ်ရံ မျှော်လင့်သလောက် မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ ငါ့ကို

ချနင်းပြီးဟားတိုက် လှောင်ဦးမလား

ခံနိုင်ရည်ရှိသောလူသား

တစ်ယောက်ဖြစ်ချင်တယ်..

တကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ ရန်ငြိုးများမရှိစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဖူး မိုးခါးရေများ..

လောကသစ္စာ အမှန်ဆိုတာ ငုံ့ရှုံးလည်းခဏ

ယုံကြည်ရာ..စီ အပြုံး မပျက်သွား

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဖူး မိုးခါးရေများ..

တကယ်ဆိုရင် လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ ရန်ငြိုးများ မရှိစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဖူး မိုးခါးရေများ..

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဖူး မိုးခါးရေများ..

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဖူး မိုးခါးရေများ..

ဒေးဗစ်လိုင် کے مزید گانے

تمام دیکھیںlogo