"လမ်းခွဲစကား"
လမ်းခွဲတဲ့ ဒီစကား.....
မင်းမပြောပါနဲ့လား.....
တော်ကြာမုန်းမိရင်ခက်မယ်
ရင်မှာမေ့ပစ်ဖို့လည်းမလွယ်
ပြတ်သားဖို့ကလည်းမလွယ်
ထွက်သွားလိုက်ပါတဲ့လား
ခြေစုံရပ်တန့်အိမ်ရှေ့တံခါး
ဝင်လာခွင့်မရှိတော့ဘူးတဲ့
ရင်မှာ ဆွံ့အနေမိတယ်....
ငါ နောက်ဆုတ်ရန်ခက်တယ်
အချစ်ရယ်.......
နှလုံးသားတစ်စစီကွဲ
လည်းချစ်နေဆဲ
ငါကြေကွဲစွာနဲ့ရယ်.....
နောက်ဆုတ်ပေးမယ်.....
မင်းပြုံးရင်ကျေနပ်တယ်.....
ဝင်လာခွင့်မရှိတော့တဲ့
အခန်းငယ်လေးထဲ
စိတ်ကူးနဲ့အနာဂတ်နေ့ရယ်
တစ်ခြားသူ
ရောက်နေမှာလည်းစိုးတယ်
ငါ့နှုတ်ခမ်းတွေလေးလံစွာနဲ့
အော်ဟစ်ကာမင်းကိုခေါ်ဆဲ
ကြေကွဲစွာဘဝဟာ
အသက်မဲ့ခဲ့တယ်
လမ်းခွဲတဲ့ ဒီစကား.....
မင်းမပြောပါနဲ့လား......
တော်ကြာမုန်းမိရင်ခက်မယ်
ရင်မှာမေ့ပစ်ဖို့လည်းမလွယ်
ပြတ်သားဖို့ကလည်းမလွယ်
ထွက်သွားလိုက်ပါတဲ့လား..
ခြေစုံရပ်တန့်အိမ်ရှေ့တံခါး
ဝင်လာခွင့်မရှိတော့ဘူးတဲ့
ရင်မှာဆွံ့အနေမိတယ်......
ငါ နောက်ဆုတ်ရန်ခက်တယ်
အချစ်ရယ်............
နှလုံးသားတစ်စစီကွဲလည်း
ချစ်နေဆဲ
ငါကြေကွဲစွာနဲ့ရယ်
နောက်ဆုတ်ပေးမယ်
မင်းပြုံးရင်ကျေနပ်တယ်....
ဝင်လာခွင့်မရှိတော့တဲ့
အခန်းငယ်လေးထဲ
စိတ်ကူးခဲ့အနာဂတ်နေ့ရယ်
တစ်ခြားသူ
ရောက်နေမှာလည်းစိုးတယ်
ငါနှုတ်ခမ်းတွေလေးလံစွားနဲ့
အော်ဟစ်ကာမင်းကိုခေါ်ဆဲ
ကြေကွဲစွာဘဝဟာ
အသက်မဲ့ခဲ့တယ်
ငါနှုတ်ခမ်းတွေလေးလံစွားနဲ့
အော်ဟစ်ကာမင်းကိုခေါ်ဆဲ
ကြေကွဲစွာဘဝဟာ
အသက်မဲ့ခဲ့တယ်
လမ်းခွဲတဲ့ ဒီစကား
မင်းမပြောပါနဲ့လား......ဟာ