menu-iconlogo
huatong
huatong
avatar

ရာသီပြောင်းချိန်

မေကြည်huatong
LaYakeKhohuatong
بول
ریکارڈنگز
ရာသီပြောင်းချိန်

တေးဆို...စိုင်းထီးဆိုင်

ရာသီပြောင်းချိန်မှာ အဖော်ကွာလို့

အပြင်ရော အတွင်းရော ဥပဒ်ဝင်

မောင်တယောက်တည်းဘယ်လို နေရှာမလဲ

ကြင်နာသူလေးစဉ်းစားနေရင်

ရယ်သံတိတ်ဆိတ်လို့ သက်မဲ့တဲ့ရက်တွေမှာ

ကိုယ်တယောက်စိတ်မဖြေသာပြီ

ရင်ခုန်သံတိုးတိုးလေးကြားရမယ့်ရက်တွေကို

ကိုယ်စောင့်ရကြိုးနပ်ပြီ

ရွှေလက်တွဲတုန်းက သူ့ဖ၀ါးနုနုရဲ့

အထိအတွေ့ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း

နေပူကြီးထဲမှာဒီဘ၀လမ်းခရီးကို

လျှောက်လှမ်းဖို့ခံနိုင်ရေ

စွမ်းအားနဲ့အပြည့်

ရွှေပါးပြင်အပ်တုန်းက သူ့အနမ်းဖွဖွရဲ့

နူးညံ့မှုပြန်အမှတ်ရမိတဲ့အခါတိုင်း

ပျော်အောင်အိပ်မရတဲ့ဒီညချမ်းခရီးကို

ဖြတ်သန်းဖို့ခံနိုင်ရည်စွမ်းအားနဲ့အပြည့်

?

နာနေဖျားနေရင် ဘယ်သူက

လာပြီးစောင့်ရှောက်ပေးမလဲဟင်

ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်

လူကြုံနဲ့စကားလေးပါးလာရင်

အနေအထိုင်ဆင်းရဲလို့ စိတ်ညစ်တဲ့ရက်တွေမှာ

ကိုယ်တယောက်မွေ့လျော်သာပြီ

သူကိုယ်တိုင်တယုတယနဲ့

ပြုစုမယ့်ရက်တွေကို

ကိုယ်စောင့်ရကြိုးနပ်ပြီ

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့

မခို့တရို့လေးရင်ခွင်ကိုပြေးဝင်တာတွေ

အိပ်မက်တော့မဟုတ်ဘူးရယ်ဆို့တဲ့အသိကလေးနဲ့

နှလုံးသားမှာ ကြည်နူးမှုးလေးကြွင်းကျန်နေ

ရွှေမျက်ရည်စို့တုန်းက ပ၀ါစလေးနဲ့

တို့တို့ကာကြင်နာစွာချော့မြူတာတွေ

နောက်များလည်းရှိဦးမယ်ဆိုတဲ့အသိကလေးနဲ့

လွမ်းရက်မှာမျှော်လင့်ချက်ကလေးအသက်ရှင်နေ

ရွှေလက်တွဲတုန်းက သူ့ဖ၀ါးနုနုရဲ့

အထိအတွေ့ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း

နေပူကြီးထဲမှာဒီဘ၀လမ်းခရီးကို

လျှောက်လှမ်းဖို့ခံနိုင်ရေ

စွမ်းအားနဲ့အပြည့်

ရွှေပါးပြင်အပ်တုန်းက သူ့အနမ်းဖွဖွရဲ့

နူးညံ့မှုပြန်အမှတ်ရမိတဲ့အခါတိုင်း

မေကြည် کے مزید گانے

تمام دیکھیںlogo