menu-iconlogo
huatong
huatong
بول
ریکارڈنگز
ကိုယ်မြတ်နိုးဖူးသူရဲ့ လက်နဲ့

ကိုယ်တိုင်ရေး လို့ထားရှာတယ်

အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့

စာလုံးဝိုင်းလေး တွေကို

ပြန်မြင်လိုက်ရတော့

ပြန်လည်တွေ့ လိုက်ရတယ်

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်

ကြည့်တော့ဘူးကွယ်...

ကိုယ်ခံစားပြီးနေရ နေ့ရက်တွေဟာ

ဟောင်းနွမ်းသွားပြီပဲ

ဘယ်သဘောမျိုး အကြံစည်မျိုးနဲ့

ထပ်မံ နိုပ်စက်ရပြန်သလဲ

ဒီတခါ အသဲနှလုံးသား က

မခံနိုင် ငြင်းထုတ်လိုက်တယ်

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်

ကြည့်တော့ဘူးကွယ်...

အနေဝေးပီး သွေးအေးသွားတယ် မင်းထင်လိမ့်မယ်

တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ်

ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့

တချိန်က တို့ အတိတ်မှာ

ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ

ဆုံးရှုံ့မှုတွေ မရှိတော့ဘူးလေ ကွယ်

လိုရာ အသုံးချခဲ့ပြီး သွားတော့

သူရက်စက်လိုက်တာ

ချစ်လွန်းလို့ ရင်မှာ သဘောထားကြီးစွာ

အပြုံးနဲ့ ထွက်ခွာခဲ့

အချိန်ဟာ တို့ ဘ၀ ကို လိမ္မာစွာကုသပေးခဲ့

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်

ကြည့်တော့ဘူးကွယ်...

အနေဝေးပီး သွေးအေးသွားတယ် မင်းထင်လိမ့်မယ်

တကယ်တော့ ကြိုးစားပြီးမေ့ခဲ့ရတယ်

ပြန်လည်ပြီး လှည့်မကြည့်ရဲတဲ့

တချိန်က တို့ အတိတ်မှာ

ဆုံးရှုံးမှုတွေ ပေးထားပြီးပြီပဲ

ဆုံးရှုံ့မှုတွေ မရှိတော့ဘူးလေ ကွယ်

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်တော့ဘူး

ဒီစာ ကို ဖွင့်လို့ မဖတ်

ကြည့်တော့ဘူးကွယ်...

Th u (NCW)

အေသင်ချိုဆွေ کے مزید گانے

تمام دیکھیںlogo