menu-iconlogo
huatong
huatong
avatar

မျက်လုံးချင်းစကားပြောနေသည်

အောင်ရင်huatong
corailcorailhuatong
بول
ریکارڈنگز
မျက်လုံးချင်းစကားပြောနေသည်

တေးရေး ဦးကျော့မှူး

တေးဆို အောင်ရင်

တကယ်ဆိုရင် ကိုယ်ကလည်းချစ်မိနေပြီ

ဖွင့်ဟလို့ အပြောခက်သည်

အကြင်နာတွေ ပိုမြူချိုလို့ လှမျက်ဟန်ချီ

မင်းအကြည့်ကို ကိုယ်သိသည်

နှစ်ကိုယ်တူ ချစ်ချစ်တဲ့ အကြောင်းကိုအတည်

မျက်လုံးချင်းစကားပြောနေပြီ

ခူးမယ့်ပြင် ဒီအပင် အရင်ညွှတ်မည်

ခုတော့ တမင်ဟန်ဆောင်ပြီ

ဘယ်လိုပုံစံ အခြေအနေမျိုးနဲ့ တွေ့ကြုံမည်

အသည်းနှလုံးက ထိတ်လှသည်

ပန်သူအရင်လိုပါရင် ကြွေလာပါနှင်းဆီ

အချိန်တော်ခါ မလင့်မီ

ပန်ဆင်လေ အိုရွယ်စူး ခူးမဲ့ဟန်ချီ

ဆူးကြားက ပန်းနှင်းဆီ

မချူသာပြန် မြင်ရင် အနီးအလှမ်းဝေးပါသည်

ချစ်စိတ်ကို မျိုသိပ်မည်

ကိုယ် ချစ်သည်းလေးတော့ အတင်းမယူလို

အခွင့်အရေးသမား မဟုတ်ပါပြီ

အသည်းအေးချိန် မျှော်မျှော်ကာစောင့်စားမည်

နှလုံးသားမှာ တကယ်ယုံကြည်

ဖြူပြာ မူယာ သူဇာ မောင့်နှမဒါလီ

ဘဝအသိနဲ့ အလှကြည့်မည်

ဘော်ငွေ စန္ဒာပမာ ရင်ခွင်အလယ်ထားမည်

ဘယ်ဘယ်အခါ နှစ်ပါးကြည်

တကယ်ဆိုရင် ကိုယ်ကလည်းချစ်မိနေပြီ

ဖွဟလို့ အပြောခက်သည်

အကြင်နာတွေ ပိုမြူချိုလို့ လှမျက်ဟန်ချီ

မင်းအကြည့်ကို ကိုယ်သိသည်

နှစ်ကိုယ်တူ ချစ်ချစ်တဲ့ အကြောင်းကိုအတည်

မျက်လုံးချင်းစကားပြောနေပြီ

ခူးမယ့်ပြင် ဒီအပင် အရင်ညွှတ်မည်

ခုတော့ တမင်ဟန်ဆောင်ပြီ

ဘယ်လိုပုံစံ အခြေအနေမျိုးနဲ့ တွေ့ကြုံမည်

အသည်းနှလုံးက ထိတ်လှသည်

ပန်သူအရင်လိုပါရင် ကြွေလာပါနှင်းဆီ

အချိန်တော်ခါ မလင့်မီ

️ပျော်ရွှင်ချမ်းမြေ့ပါစေ ️

မေတ္တာဖြင့် KoGyi(BA music)

အောင်ရင် کے مزید گانے

تمام دیکھیںlogo