သမ္ဗူလလိုအချစ်မျိုး
ဖြူသီ
0း 27
မေကလဲ မောင့်ကိုချစ်လို့
အသွေး အသားနဲ့
အသည်းနှလုံး ပုံအပ်မယ်
မောင်လိုတာကိုလဲ ပေးနိုင်တယ်
မောင်ရဲ့ အပါး
တစ်ဖဝါးမှ မခွာဘူးကွယ်
ဆင်းရဲအတူ ချမ်းသာအတူကွယ်
ခရောင်း လမ်းလဲ
နှစ်ဦးတွဲ လျှောက်ကြမယ်
မောင်ရယ် မေ့အချစ်ဦးရယ်
ချစ်အတူ မခွဲဘူးကွယ်
သမ္ဗူလ လေးလိုပဲ
ချစ်လှတဲ့ သွတ္ထိသေနရယ်
ပြည်နှင်ဒဏ် ခံလဲမခွဲနိုင်တယ်
စံရာနန်းစွန့်လို့ အတူလိုက်သတဲ့ကွယ်
သူကလဲ ချစ်နိုင်သေးသတဲ့
မေ့အချစ်က သူ့အချစ်လိုပဲကွယ်
မောင်မျှော်ရင် ဘယ်သို့ရှိရမလဲ
သမ္ဗူလလေးရဲ့ အချစ်မျိုးပဲကွယ်
တောနဲ့တောင် သားကောင်တွေရယ်
မလိုက်ခဲ့နဲ့ တစ်ဦးထဲသွားပါ့မယ်
မေအလွန် တားသော်လည်း
ချစ်သူကို မခွဲလိုက်သတဲ့ကွယ်
သမ္ဗူလ လေးလိုပဲ
မေ့အချစ်က သူ့အချစ်လိုပဲကွယ်
မောင်မခေါ်ရင် မေလဲလိုက်မှာပဲ
မခွာနိုင်ဘူး မောင့်နောက်မှာအမြဲ....
By AyeKyaw greentiger