လမ်းထိပ်ကဆိုင်
ငါတစ်ယောက်တည်းထိုင်
နင်ကျောင်းသွားတာ
ငါငေးလို့သာ
ငေးမိတဲ့ငါ
ဒုက္ခရောက်တာ
စားလက်စမုန့်ပန်ကန်ထဲကို
ထည့်နေမိတာ
ဆေးလိပ်ပြာများ
ကြင်နာတဲ့ဆေး နင်ပေးပါ
နင်ကိုယ်တိုင်ကုမှပျောက်မယ့်
ငါ့ရဲ့အချစ်ရောဂါ
ဒေါက်တာတွေလည်းလက်ဖျားခါ
ငါဘာတွေလုပ်လုပ်
အမြဲတမ်းအားလုံးကိုမှားယွင်းတာ
ငါ့စိတ်နဲ့ခန္ဒာတည်ငြိမ်ဖို့ဆိုတာ
မင်းရှိမှဖြစ်မှာ
ကျောင်းဆင်းတဲ့အချိန်
ငါထိုင်ငေးနေ
ငါတွေ့လိုက်တာ
နင်သိပ်လှတာ
ရှိုးအပြည့်နဲ့ထိုင်
တွေ့လိုက်တဲ့ကွိုင်
ငါ့ခြေထောက်နဲ့နင်းနေမိတာ
ယားယံလိုက်တဲ့ ပုရွက်ဆိတ်အုံကြီး
ကြင်နာတဲ့ဆေး နင်ပေးပါ
နင်ကိုယ်တိုင်ကုမှပျောက်မယ့်
ငါ့ရဲ့အချစ်ရောဂါ
ဒေါက်တာတွေလည်းလက်ဖျားခါ
ငါဘာတွေလုပ်လုပ်
အမြဲတမ်းအားလုံးကိုမှားယွင်းတာ
ငါ့စိတ်နဲ့ခန္ဒာတည်ငြိမ်ဖို့ဆိုတာ
မင်းရှိမှဖြစ်မှာ
ညဖက်ရောက်ရင်
ဂီတာတီးချင်
နင်အိပ်စက်တဲ့
အဆောင်ရှေ့နားမှာ
အစကမသိပါ
အဆုံးကမေ့တာ
မနေ့ကငါအလွတ်ကျက်ထားတဲ့
သီချင်းတွေလည်းငါ
စဉ်းစားမရဘူး
ကြင်နာတဲ့ဆေး နင်ပေးပါ
နင်ကိုယ်တိုင်ကုမှပျောက်မယ့်
ငါ့ရဲ့အချစ်ရောဂါ
ဒေါက်တာတွေလည်းလက်ဖျားခါ
ငါဘာတွေလုပ်လုပ်
အမြဲတမ်းအားလုံးကိုမှားယွင်းတာ
ငါ့စိတ်နဲ့ခန္ဒာတည်ငြိမ်ဖို့ဆိုတာ
မင်းရှိမှဖြစ်မှာ
ကျောင်းဆင်းတဲ့အချိန်
ငါထိုင်ငေးနေ
ငါတွေ့လိုက်တာ
နင်သိပ်လှတာ
ရှိုးအပြည့်နဲ့ထိုင်
တွေ့လိုက်တဲ့ကွိုင်
ငါ့ခြေထောက်နဲ့နင်းနေမိတာ
ယားယံလိုက်တဲ့
ပုရွက်ဆိတ်အုံကြီး
ကြင်နာတဲ့ဆေး နင်ပေးပါ
နင်ကိုယ်တိုင်ကုမှပျောက်မယ့်
ငါ့ရဲ့အချစ်ရောဂါ
ဒေါက်တာတွေလည်းလက်ဖျားခါ
ငါဘာတွေလုပ်လုပ်
အမြဲတမ်းအားလုံးကိုမှားယွင်းတာ
ငါ့စိတ်နဲ့ခန္ဒာတည်ငြိမ်ဖို့ဆိုတာ
မင်းရှိမှဖြစ်မှာ