သီချင်း- တောင်းတဲ့ဆုနဲ့ပြည့်၀ရပါစေသား
တေးဆို- အေသင်ချိုဆွေ
စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေ ပေါ်လာ
စဉ်းစားပြီး ကျမရဲ့ မေးခွန်းလေးဖြေပါ
မောင် ဘာဖြစ်လို့ချစ်တာလဲ
မောင် ဘာကြောင့်မို့ချစ်တာလဲ
မောင် ဘယ်လောက်ထိချစ်တာလဲ
နှစ် လေးငါးခြောက်ဆယ်လား
တစ်ယောက်ထဲ စွဲချစ်နိုင်မလား
မောင် ဘယ်တုန်းကချစ်တာလဲ
မောင် ဘယ်ထိဆက်ချစ်နိုင်မလဲ
မောင်တကယ်အပြည့်အ၀ချစ်ရဲ့လား
ဘ၀နဲ့တိုင်းတာပြီး စိတ်မပြောင်းပဲချစ်ပါ့မလား. . .
စဉ်းစားရင်းတွေးရင်းမေးခွန်းလေးတွေ ပေါ်လာ
စဉ်းစားပြီးကျမရဲ့မေးခွန်းလေးဖြေပါ
စွန့်စားပြီးဆူးခက်နင်း အချစ်ဆူးများပန်းပွင့်ခင်း
အိုယုံကြည်သလိုပဲမောင့်ဘက်ကချစ်မလား
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျမတောင်းတဲ့ဆုနဲ့ပြည့်၀ရစေသား
မောင် ဘာဖြစ်လို့ချစ်တာလဲ. . .
မောင် ဘာကြောင့်မို့ချစ်တာလဲ. . .
မောင်ဘယ်လောက်ထိချစ်မှာလဲ
ကျမကမလှရင်ရော တစ်သက်လုံးပဲချစ်ပါ့မလား
မောင် ဘယ်တုန်းကချစ်တာလဲ
မောင် ဘယ်ထိဆက်ချစ်နိုင်မလဲ
မောင်တကယ်အပြည့်အ၀ချစ်ရဲ့လား
ကျမထက်လှသူနဲ့ တွေ့သွားတော့အချစ်လျှော့မလား
စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေပေါ်လာ
စဉ်းစားပြီးကျမရဲ့မေးခွန်းလေးဖြေပါ..
စွန့်စားပြီးဆူးခက်နင်း အချစ်ဆူးများပန်းပွင့်ခင်း
အိုယုံကြည်သလိုပဲမောင့်ဘက်ကချစ်မလား
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျမတောင်းတဲ့ဆုနဲ့ပြည့်၀ရစေသား
ခိုင်မြဲသော သံကြိုးများတောင် ယုံကြည်ရန်ခက်လို့
အိုမြင်ခွင့်မရတဲ့အချစ်ကြိုးများကို..
မောင်ပြန်ဆန်းစစ်ကြည့် စစ်ဆေးကြည့်ပေါ့
သေချာချည်ထားသလား
အချစ်ကြိုးများအားလုံးမြဲစေခိုင်စေသား. .
စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေပေါ်လာ
စဉ်းစားပြီးကျမရဲ့မေးခွန်းလေးဖြေပါ
စွန့်စားပြီးဆူးခက်နင်း အချစ်ဆူးများပန်းပွင့်ခင်း
အိုယုံကြည်သလိုပဲမောင့်ဘက်ကချစ်မလား
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျမတောင်းတဲ့ဆုနဲ့ပြည့်၀ရစေသား..
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျမတောင်းတဲ့ဆုနဲ့ပြည့်၀ရစေသား..
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ
ကျမတောင်းတဲ့ဆုနဲ့ပြည့်၀ရစေသား..