menu-iconlogo
huatong
huatong
big-bag--cover-image

ဝှက်ထားတဲ့ကောင်းကင်

Big Baghuatong
stevek8371huatong
بول
ریکارڈنگز

ငါဟာမင်းအတွက် ဘုရားသခင်ပေးတဲ့ဆုတစ်ခုပဲ

လိုအပ်တိုင်းလှည့်ကြည့်လိုက်ငါ

မင်းဘေးနားအမြဲရှိတယ်

ငိုနေတဲ့မင်းမျက်ရည်မင်းပိုင်ရှင်မသိရင်လဲ

မင်းအတွက်ပေးမယ့်အသက်တစ်ခုအပို

ငါ့မှာရှိနေတယ်...

ငါ့မျက်လုံးလည်း မင်းရှာကြည့်လည်း

ခက်ခဲလွန်းတဲ့အဓိပ္ပါယ်ဘယ်သူမြင်နိုင်မှာလဲ

ငါခွှင့်လွှတ်ထားတဲ့သံယောဇဉ်တွေလည်း

အချစ်ရှိခဲ့ရင်တိုးတိုးလေးပြောပြမယ်

ဟန်ဆောင်ကောင်းတယ်လို့တော့ မထင်နဲ့

ငါ့အတ္တတစ်ခုအတွက် နင့်အဆင်မပြေမှာစိုးတယ်

ဒဏ်ရာများနဲ့မင်းပြိုလဲမကျလိုက်ပါနဲ့

ဘယ်သူမှမသိလဲငါမင်းအကြောင်းအရမ်းသိတယ်

ငါ့အတွက်အချစ်ဆိုတာသိပ်ထူးဆန်းခဲ့သလိုနဲ့

မင်းနဲ့တွေ့မှ အရူးစိတ်နဲ့အတူနေသားကျလာတယ်

ငါ့မျက်လုံးထဲ မင်းရှာကြည့်လည်း

ခက်ခဲလွန်းတဲ့အဓိပ္ပါယ်ဘယ်သူမြင်နိုင်မှာလဲ

ငါခွှင့်လွှတ်ထားတဲ့သံယောဇဉ်တွေလည်း

အချစ်ရှိခဲ့ရင်တိုးတိုးလေးပြောပြမယ်

ဟန်ဆောင်ကောင်းတယ်လို့တော့မထင်နဲ့

ငါ့အတ္တတစ်ခုအတွက်မင်းအဆင်မပြေမှာစိုးတယ်

မင်းအတွက်ပေးမဲ့အသက်တစ်ခုအပို

ငါ့မှာရှိနေတယ်...

Big Bag کے مزید گانے

تمام دیکھیںlogo