menu-iconlogo
huatong
huatong
avatar

အချစ်ကြေငြာစာတမ်း

Eaint Chithuatong
sanjayvermahuatong
بول
ریکارڈنگز
သီချင်း - အချစ်ကြေငြာစာတမ်း

တေးဆို - အိမ့်ချစ်

ဘာတွေကို ယုံကြည်ရမလဲဟေ့

ငါအနာဂတ် မယုံသေးဘူး

စစ်ပွဲပြီးစ မြို့ပျက်ကြီးလို

စိတ်ကူးတွေအကုန်ပြိုလဲ... ဝို့ အိုး

ဦးနှောက်က ငြင်းဆန်လည်းကွယ်

ငါ့အသည်းတွေ အရည်ပျော်ပီ... ဝို့ အိုး

မုန်းလို့ မရဘူးကွယ်

ခွင့်လွှတ်တာ အချစ်လားကွာ

မုန်းလို့ မရဘူးကွယ်

ရှုံးဝံ့တာ အချစ်ပဲလား

ဒဏ္ဍာရီဆန်လွန်းသလားကွယ်

ဒဏ်ရာတွေဟာ သိပ်များလည်း

မင်းထိုးရက်တဲ့ ဓားကိုနမ်းတယ်

မာနတွေ ကြွေလေပီ .. ဝို့ အိုး

လက်နက်ချရဲတာ အချစ်လို့

ငါ့အတွေးအခေါ်တွေဟာလဲ သိပ်ခက်တယ်

မုန်းလို့ မရဘူးကွယ်

ခွင့်လွှတ်တာ အချစ်လားကွာ

မုန်းလို့ မရဘူးကွယ်

ရှုံးဝံ့တာ အချစ်ပဲလား

ငါကိုယ်တိုင်ငါတောင် အပြစ်လဲမကင်းနိုင်

သံသရာဟာ အကြိမ်ကြိမ်လည်ဦးမလား

ငါ့အတ္တထက် မင်းကိုချစ်တယ်

အို နားလည်နိုင်ပါ့မလား... ဝို့ အိုး

တစ်လောကလုံးနဲ့ စစ်ဆင်ဝံ့တယ်

မင်းကိုငါမစွန့်ဘူး သိပ်ချစ်တယ်

မုန်းလို့ မရဘူးကွယ်

ခွင့်လွှတ်တာ အချစ်လားကွာ

မုန်းလို့ မရဘူးကွယ်

ရှုံးဝံ့တာ အချစ်ပဲလား

မုန်းလို့ မရဘူးကွယ်

ခွင့်လွှတ်တာ အချစ်လားကွာ

မုန်းလို့ မရဘူးကွယ်

ရှုံးဝံ့တာ အချစ်ပဲလား

မုန်းလို့ မရဘူးကွယ်

ခွင့်လွှတ်တာ အချစ်လားကွာ

မုန်းလို့ မရဘူးကွယ်

ရှုံးဝံ့တာ အချစ်ပဲလား

Eaint Chit کے مزید گانے

تمام دیکھیںlogo