ငယ်ငယ်တုန်းက ကစားခဲ့တယ်
စွန်ငယ်စက္ကူစိမ်းလေးရယ်
လေထဲကိုကြိုးပြတ်လွင့်ထွက်သွားတဲ့
အချိန်မှာတော့
ကျနော်ဟာဝမ်းနည်းခဲ့ရတယ်
ဟိုစဉ်တုန်းက ၀တ်ခဲ့တယ်
T-shirt အကျီ်စိမ်းလေးရယ်
ရေလျှော်တာများလာလို့ဆေးရောင်လွင့်
အရောင်ဖျော့သွားလို့ဝမ်းနည်းခဲ့ရတယ်
¸¸.•*¨*• ¸¸.•*¨*•
ကြိုးပြတ်သွားမှာ ကြောက်လွန်းလို့
ကျနော်ဟာ သိမ်းကာထားမိနေခဲ့
စွန်လေးများရယ်
အခုဆိုတော်တော်များများစုမိခဲ့
ဆေးရောင်တွေ ဟောင်းကာသွားမှာ
ကြောက်လွန်းလို့ ကျနော်လေ
မ၀တ်တော့ဘူး
သိမ်းကာထား T-shirtလေးများရယ်
အခုတိုင်အရောင်တွေ
သစ်လွင်ဟောင်းမသွားခဲ့
¸¸.•*¨*• ¸¸.•*¨*•
အရွယ်ရောက်တော့ ချစ်စိတ်ဝင်
ကောင်မလေးတစ်ယောက်သွားပြီးမြင်
ဘော်ဒါအပေါင်းအဖော်များကို
မေးကြည့်တော့ သိပ်ထူးခြား
နာမည်လေးက စိမ်းတဲ့ကွယ်
ကျနော်လေ သိပ်ချစ်သွားမိပြီ
ဘာကိုမှလဲ မတွေးတောချင်
ကျနော့်ထက်အသက်နှစ်တွေကြီးလို့
ချစ်စနိုးနဲ့ ခေါ်မယ် မမစိမ်းလို့ကွယ်
¸¸.•*¨*• ¸¸.•*¨*•
စိမ်းစိမ်းကားကား ကြည့်တဲ့အကြည့်တွေ
ငါရင်မှာ တကယ်ကိုထိနေ
မင်းပြောတဲ့ စကားလုံးစိမ်းတွေ
ငါနားမှာတကယ်ကိုမကြားချင်
ရင်ခွင်မှာလိုနေတာစိမ်း
ဘယ်အချိန်မှာ ဘယ်ကိုမှမယိမ်း
ကြင်နာချင်တာ နင်တစ်ယောက်တည်း
¸¸.•*¨*• ¸¸.•*¨*•
ရင်ထဲအချစ်တွေဟောင်းကာသွားမှာ
ကြောက်လွန်းလို့ တော်ပါပြီမပြောပါဘူး
သိမ်းကာထားချစ်ခြင်းများရယ်
အခုတိုင်အရောင်တွေမပြောင်းပါ
ချစ်တက်ဆဲ
ခင်မင်မှုအတိုင်းအတာလေးတွေ
ပြတ်တောက်သွားမှာကြောက်လွန်းလို့
ကျနော်လေမပြောရက်ဘူး
သိမ်းကာထား ချစ်ခြင်းများရယ်
အခုချိန်ရင်မှာ ဒီအချစ်တွေကြီးထွားခဲ့
¸¸.•*¨*• ¸¸.•*¨*•
ဒီကမ္ဘာကြီးက စိမ်းလန်းတယ်
အကြင်နာ စိမ်းရဲ့ အပြုံးကြောင့်ကွယ်
ချစ်တယ် စိမ်းရယ် စိမ်းရယ် ချစ်တယ်
ကျနော်ရူးရအောင်
မစိမ်းကားလိုက်နဲ့ကွယ်..
Nυ Nυ﹏