menu-iconlogo
huatong
huatong
avatar

မမေ့နဲ့

Htoo El Linnhuatong
revwalt321huatong
بول
ریکارڈنگز
သီချင်း - မမေ့နဲ့

တေးဆို - ထူးအယ်လ်လင်း

နင်မရှိပေမဲ့ ရှိသလိုဘဲ

အမြဲတမ်းမျှော်လင့်တယ်

ဘယ်လိုမှ မေ့ပျောက်လို့မရနိုင်ခဲ့

ဘဝဟာအမြဲ ဆန်းကြယ်တယ်

ကြိုတင်တွေးလို့မရဘူးကွယ်....

ယုံကြည်ထားခဲ့တဲ့ မင်းဟာပြောင်းလဲခဲ့

သေချာပြောဖူးခဲ့တယ် ဘယ်တော့မှ

မေ့မပစ်နဲ့ ကျေနပ်စွာပေးတဲ့ ကတိက

မလေးနက်ခဲ့တော့ဝေး..

လမ်းခွဲသွားဖို့ ဆုံးဖြတ်ရင်တောင် မမေ့နဲ့

နင်ရှင်သန်တဲ့ဘဝသစ်မှာ အမှတ်တရအဖြစ်နဲ့

ရှေ့ဆက်သွားမယ့် ငါ့မနက်ဖြန်ရဲ့

ခရီးလဲ ပျောက်ဆုံးခဲ့ရပြီ

ငါတိမ်လိုဘဲ လွင့်နေတော့မယ်.....

အသိဉာဏ်မဲ့ သွားသလိုပဲ

ငါဟာအရူးတစ်ယောက်လိုဖြစ်ခဲ့

ဘာမှအသုံးမကျတဲ့ အလွမ်းတွေနဲ့

အဓိပ္ပါယ်မဲ့ နေ့တွေလည်း

ဖြတ်သန်းလို့နေရတယ်

အရာရာမေ့ပစ်လို့ရရင် ကောင်းလိမ့်မယ်

သေချာပြောဖူးခဲ့တယ် ဘယ်တော့မှ

မေ့မပစ်နဲ့ ကျေနပ်စွာပေးတဲ့ ကတိက

မလေးနက်ခဲ့တော့ဝေး

လမ်းခွဲသွားဖို့ ဆုံးဖြတ်ရင်တောင် မမေ့နဲ့

နင်ရှင်သန်တဲ့ဘ၀သစ်မှာ အမှတ်တရအဖြစ်နဲ့

ရှေ့ဆက်သွားမယ့် ငါ့မနက်ဖြန်ရဲ့

ခရီးလဲ ပျောက်ဆုံးခဲ့ရပြီ

ငါတိမ်လိုဘဲ လွင့်နေတော့မယ်.....

သေချာပြောဖူးခဲ့တယ် ဘယ်တော့မှ

မေ့မပစ်နဲ့ ကျေနပ်စွာပေးတဲ့ ကတိက

မလေးနက်ခဲ့တော့ဝေး

လမ်းခွဲသွားဖို့ ဆုံးဖြတ်ရင်တောင် မမေ့နဲ့

နင်ရှင်သန်တဲ့ဘဝသစ်မှာ အမှတ်တရအဖြစ်နဲ့

ရှေ့ဆက်သွားမယ့် ငါ့မနက်ဖြန်ရဲ့

ခရီးလဲ ပျောက်ဆုံးခဲ့ရပြီ

ငါတိမ်လိုဘဲ လွင့်နေတော့မယ်.....

Htoo El Linn کے مزید گانے

تمام دیکھیںlogo