menu-iconlogo
huatong
huatong
avatar

ကမ်ဘာအပြင်ဘက်

Khin Maung Htoohuatong
wintersingers2015huatong
بول
ریکارڈنگز
သီချင်း - ကမ္ဘာ့အပြင်ဘက်

တေးဆို - ခင်မောင်ထူး+ဟေမာနေဝင်း

တူ တူး တူ သွားကြမယ့်ချစ်ကမ္ဘာဘုံ

လိုက်မလားကွယ် သီးသန့်တဲ့မေတ္တာဘုံ

သီတာရေမြေ ခြားနေပါတယ်

ထူးခြားတဲ့ သစ္စာဘုံ

ယူဇနာတစ်ရာ ဝေးကွာရာဝယ်

ဆန်းပြားတဲ့ နိဗ္ဗာန်ဘုံ

ဟူ ဟူး ဟူ လိုက်ခဲ့မကွယ့် သည်းညှာယုံ

မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ

အန္တရာယ်တွေ မမှုပါကွယ်

မောင့်တစ်ယောက်အတွက် အသက်ကိုပုံ

အချိန်နာရီတွေ မရွေးပါရှင်ရယ်

မောင့်နောက်ကလိုက်မယ်ယုံ

မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ

ဘယ်ကိုလဲကွယ် ပြောစမ်းကွယ့်မောင့်နေရာ

စိန်ရွှေနဲ့ အိမ်တွေနဲ့ လူတွေနဲ့ကင်းကွာနေရာ

အိုး .... ဆန်းဆန်းပြားပြား

ကြင်သူနဲ့ ခင်သူနဲ့

ကမ္ဘာအပြင်ဘက် သွားချင်သူပါ

အိုး .... ဆန်းဆန်းပြားပြား

အချစ်ကလေးရာ သွားကြစို့မေတ္တာဘုံ

မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ ....

အန္တရာယ်တွေ မမှုပါကွယ်

မောင့်တစ်ယောက်အတွက် အသက်ကိုပုံ

အချိန်နာရီတွေ မရွေးပါရှင်ရယ်

မောင့်နောက်ကလိုက်မယ်ယုံ

မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ

ဘယ်ကိုလဲကွယ် ပြောစမ်းကွယ့်မောင့်နေရာ

စိန်ရွှေနဲ့ အိမ်တွေနဲ့ လူတွေနဲ့ကင်းကွာနေရာ

အိုး .... ဆန်းဆန်းပြားပြား

ကြင်သူနဲ့ ခင်သူနဲ့

ကမ္ဘာအပြင်ဘက် သွားချင်သူပါ

အိုး .... ဆန်းဆန်းပြားပြား

အချစ်ကလေးရာ သွားကြစို့မေတ္တာဘုံ

မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ ....

စိန်ရွှေနဲ့ အိမ်တွေနဲ့ လူတွေနဲ့ကင်းကွာနေရာ

အိုး .... ဆန်းဆန်းပြားပြား

ကြင်သူနဲ့ ခင်သူနဲ့

ကမ္ဘာအပြင်ဘက် သွားချင်သူပါ

အိုး .... ဆန်းဆန်းပြားပြား

စိန်ရွှေနဲ့ အိမ်တွေနဲ့ လူတွေနဲ့ကင်းကွာနေရာ

အိုး .... ဆန်းဆန်းပြားပြား

ကြင်သူနဲ့ ခင်သူနဲ့

ကမ္ဘာအပြင်ဘက် သွားချင်သူပါ

အိုး .... ဆန်းဆန်းပြားပြား .....

Khin Maung Htoo کے مزید گانے

تمام دیکھیںlogo