menu-iconlogo
huatong
huatong
avatar

ရော့ ယုံရင်ယူ

Khin Maung Htoohuatong
بول
ریکارڈنگز
သီချင်း - ရော့ ယုံရင်ယူ

တေးဆို - ခင်မောင်ထူး

ဖြူဖြူရယ် ဒီစာကို

နည်းနည်းလေး ဖတ်ကြည့်ပါ

ငါ့အချစ် သက်သေထူ

ဖြူဖြူရယ် နင်ဟာလေ

ငါ့မျက်စိထဲကနေ

အသည်းထဲထိ ဖောက်ဝင်သူ

ပိတုန်းလေးနဲ့လည်း မတူ

ပျားလေးနဲ့လည်းမတူ

ထာဝစဉ် ကြင်နာမယ့်သူ

ရော့ ယုံရင်ယူ

ရော့ရော့ရော့ရော့ ယုံရင်ယူ

ဖြူဖြူရယ် နင်လိုချင်ရင်

ဘာမှလည်း မစဉ်းစား

ငါ့အသွေးအသားကိုယူ

ဖြူဖြူရယ် နင်လိုချင်ရင်

ဘာမှလည်း မစဉ်းစား

ငါ့နှလုံးသားကိုယူ

အဲဒီလောက်ကို ချစ်တယ်

အဲဒီလောက်ကို ဖြစ်တယ်

လိုတာကို အကုန်ယူ

ရော့ ယုံရင်ယူ

ရော့ရော့ရော့ရော့ ယုံရင်ယူ

ဖြူဖြူရယ် အိမ်ပြန်ရင်

အသေအချာ စဉ်းစားပါ

ငါပိုင်တဲ့ ဘဝကိုယူ

ဖြူဖြူရယ် စာပြန်ရင်

အကြင်နာလေးထားပါ

ငါပိုင်တဲ့ အချစ်တွေယူ

အနမ်းလေး ခြွေမယ့်သူ

စမ်းကလေးလိုအေးသူ

လိုတာကိုအကုန်လှူ

ရော့ ယုံရင်ယူ

ရော့ရော့ရော့ရော့ ယုံရင်ယူ

ဖြူဖြူရယ် ဒီစာကို

နည်းနည်းလေး ဖတ်ကြည့်ပါ

ငါ့အချစ်သက်သေထူ

ဖြူဖြူရယ် နင်ဟာလေ

ငါ့မျက်စိထဲကနေ

အသည်းထဲထိဖောက်ဝင်သူ

ပိတုန်းလေးနဲ့လည်းမတူ

ပျားလေးနဲ့ လည်းမတူ

ထာဝစဉ် ကြင်နာမယ့်သူ

ရော့ ယုံရင်ယူ

ရော့ရော့ ရော့ရော့ ယုံရင်ယူ

ဖြူဖြူရယ် နင်လိုချင်ရင်

ဘာမှလည်း မစဉ်းစား

ငါ့အသွေးအသားကိုယူ

ဖြူဖြူရယ် နင်လိုချင်ရင်

ဘာမှလည်း မစဉ်းစား

ငါ့နှလုံးသားကိုယူ

အဲဒီလောက်ကိုချစ်တယ်

အဲဒီလောက်ကိုဖြစ်တယ်

လိုတာကိုအကုန်လှူ

ရော့ ယုံရင်ယူ

ရော့ရော့ရော့ရော့ ယုံရင်ယူ

ဖြူဖြူရယ် အိမ်ပြန်ရင်

အသေအချာ စဉ်းစားပါ

ငါပိုင်တဲ့ ဘဝကိုယူ

ဖြူဖြူရယ် စာပြန်ရင်

အကြင်နာလေးထားပါ

ငါပိုင်တဲ့ အချစ်တွေယူ

အနမ်းလေး ခြွေမယ့်သူ

ပန်းကလေး ခြွေမယ့်သူ

လိုတာကိုအကုန်လှူ

ရော့ ယုံရင်ယူ

ရော့ရော့ရော့ရော့ ယုံရင်ယူ

Khin Maung Htoo کے مزید گانے

تمام دیکھیںlogo