နှစ်ကိုယ်ကြား 
တေးဆို/ ဝင်းနိုင်စိုး+ခင်ရတနာစိုး 
Ready.... 
(က)လူတွေပြောနေကြတယ် 
အချစ်ဟာပန်းလေးတပွင့်လို 
လိပ်ပြာလေးတစ်ကောင်လို 
ရောင်စုံသက်တန့်လေးလို 
(မ) ဒီရင်မှ ပေါက်ဖွားခဲ့တဲ့ 
အချစ်ဆိုတာ မင်းကြောင့်ဖြစ်တည် 
မင်းဖန်ဆင်းပါသော 
သောကအပူကင်းတဲ့ 
ကမ္ဘာလေးပါ..... 
(က)လူတွေပြောနေကြတယ် 
အချစ်ဟာ သမုဒ္ဒရာကြီးလို 
ပင်လယ်ကြီးလိုပါ 
ကမ်းစပ်နဲ့ရေလှိုင်းလေးလို 
(မ) ဒီရင်ထဲခံစားဖူးတဲ့ 
အချစ်ဆိုတာ မင်းကြောင့်ဖြစ်တည် 
မင်းဖန်ဆင်းပါသော 
အေးချမ်းတဲ့ ကမ္ဘာလေးတစ်ခုပါ 
(က)အများတကာတွေလို.. 
အချစ်ကို စာမဖွဲ့တတ်ဘူး 
ကိုယ်ရဲ့အချစ်က အဖြူထည်ပါကွာ 
(မ) နှလုံးသားတွေ တထပ်တည်းရှိတယ် 
အကောင်းဆုံးအတူ 
ကျော်ဖြတ်ကြမယ် 
တွဲလက်တွေ ခိုင်မြဲကြမယ် 
(က)အရာရာဟာ...မင်း 
ကိုယ့်ရဲ့ဘဝဟာ...မင်း 
(မ) ဒီကမ္ဘာမှာ....မင်း 
ကိုယ့်အနာဂတ်ဟာ...မင်း 
(က/မ) တိုးတိုးလေး 
နှစ်ကိုယ်ကြား ပြောမယ် 
ကိုယ့်အချစ်ဟာ မင်းဖြစ်သလို 
မင်းအချစ်ဟာ ကိုယ်ပဲဖြစ်ပါရစေ 
(မ) လူတွေပြောနေကြတယ် 
အချစ်ဟာပန်းလေးတပွင့်လို 
လိပ်ပြာလေးတစ်ကောင်လို 
ရောင်စုံသက်တန့်လေးလို 
(က) ဒီရင်မှ ပေါက်ဖွားခဲ့တဲ့ 
အချစ်ဆိုတာ မင်းကြောင့်ဖြစ်တည် 
မင်းဖန်ဆင်းပါသော 
သောကအပူကင်းတဲ့ 
ကမ္ဘာလေးပါ..... 
(မ)လူတွေပြောနေကြတယ် 
အချစ်ဟာ သမုဒ္ဒရာကြီးလို 
ပင်လယ်ကြီးလိုပါ 
ကမ်းစပ်နဲ့ရေလှိုင်းလေးလို 
(က) ဒီရင်ထဲခံစားဖူးတဲ့ 
အချစ်ဆိုတာ မင်းကြောင့်ဖြစ်တည် 
မင်းဖန်ဆင်းပါသော 
အေးချမ်းတဲ့ ကမ္ဘာလေးတစ်ခုပါ 
(မ)အများတကာတွေလို.. 
အချစ်ကို စာမဖွဲ့တတ်ဘူး 
မေ့ရဲ့အချစ်က အဖြူပါရှင်ရယ် 
(က) နှလုံးသားတွေ တထပ်တည်းရှိတယ် 
အကောင်းဆုံးအတူ 
ကျော်ဖြတ်ကြမယ် 
တွဲလက်တွေ ခိုင်မြဲကြမယ် 
(မ)အရာရာဟာ...မင်း 
ကိုယ့်ရဲ့ဘဝဟာ...မင်း 
(က) ဒီကမ္ဘာမှာ....မင်း 
ကိုယ့်အနာဂတ်ဟာ...မင်း 
(က/မ) တိုးတိုးလေး 
နှစ်ကိုယ်ကြား ပြောမယ် 
ကိုယ့်အချစ်ဟာ မင်းဖြစ်သလို 
မင်းအချစ်ဟာ ကိုယ်ပဲဖြစ်ပါရစေ 
(က)အရာရာဟာ...မင်း 
ကိုယ့်ရဲ့ဘဝဟာ...မင်း 
(မ) ဒီကမ္ဘာမှာ....မင်း 
ကိုယ့်အနာဂတ်ဟာ...မင်း 
(က/မ) တိုးတိုးလေး 
နှစ်ကိုယ်ကြား ပြောမယ် 
ကိုယ့်အချစ်ဟာ မင်းဖြစ်သလို 
မင်းအချစ်ဟာ ကိုယ်ပဲဖြစ်ပါရစေ