menu-iconlogo
huatong
huatong
avatar

ဟိုတုန်းကလို

L Seng Zihuatong
cpaabv01huatong
بول
ریکارڈنگز
သီချင်း - ဟိုတုန်းကလို

တေးဆို - L ဆိုင်းဇီ

မင်းအချစ်တွေကိုနားလည်ခဲ့ပြီး

ခုတော့မင်းရှေ့ကို

အပြေးလေးလှမ်းကာ

ကိုယ်ရောက်ခဲ့မယ်ဆို

တစ်ကယ်ဆိုဘယ်သူကမှားလဲ

နှလုံးသားက ဝန်ခံချင်နေသေးလည်း

အဝေးမယ် ဟိုး အဝေးမယ်

ဘဝမှာအိမ်ပြန်ချိန်တွေနောက်ကျမှာစိုး

ဟိုတုန်းကလိုများ

အချစ်ရေကိုယ့်ကို ချစ်သေးလား

နှလုံးသားကကြင်နာခြင်းတွေ ခံစားရတာ

ဟိုတုန်းကရင်ခုန်ခြင်းတွေ

ကိုယ့်အပေါ်ရှိသေးလား

တဖြည်းဖြည်းနဲ့ အိမ်ပြန်လမ်းပေါ်

ကိုယ့်နှလုံးသားမှာခံစားရလာ

မင်းအချစ်တွေကို

ဟောင်းအိုနေတဲ့

သီချင်းလေးအတိုင်းပဲဆို

နှလုံးသားထဲမှာကိုယ်

မငြီးငွေ့နိုင်သလို

အချိန်တန်အိမ်ပြန်တယ် အတွေးနဲ့

နောက်ကျမှငိုစရာတွေကို မတွေးရဲ

ရူးမယ် ဟိုး ရူးမယ်

ဘဝမှာရင်ခုန်သံတွေပျောက်ရှမှာစိုး

ဟိုတုန်းကလိုများ

အချစ်ရေကိုယ့်ကို ချစ်သေးလား

နှလုံးသားကကြင်နာခြင်းတွေ ခံစားရတာ

ဟိုတုန်းကရင်ခုန်ခြင်းတွေ

ကိုယ့်အပေါ်ရှိသေးလား

တဖြည်းဖြည်းနဲ့ အိမ်ပြန်လမ်းပေါ်

ကိုယ့်နှလုံးသားမှာ ခံစားရလာ

ရင်မှာဟိုအရင်က အချစ်တွေကို

ပြန်လည်ပြီး တို့တည်ဆောက်မယ်

ဟိုအရင် ကိုယ်လွန်သမျှတောင်းပန်မယ်

မင်းအနားကအရင်လို

ခွဲပြီးမသွားဘူးနော် တွေးလည်း

ဟိုတုန်းကလိုများ

အချစ်ရေကိုယ့်ကို ချစ်သေးလား

နှလုံးသားကကြင်နာခြင်းတွေ ခံစားရတာ

ဟိုတုန်းကရင်ခုန်ခြင်းတွေ

ကိုယ့်အပေါ်ရှိသေးလား

တဖြည်းဖြည်းနဲ့ အိမ်ပြန်လမ်းပေါ်

ကိုယ့်နှလုံးသားမှာ ခံစားရလာ

L Seng Zi کے مزید گانے

تمام دیکھیںlogo