သဘာဝကိုပုံထင်ပြကာ
ထိကရုံးလေး များလို
လူတွေ့ရင်မူကာနွဲ့ကာယိမ်းမယ့်ခင်ပျို
သဘာဝကို ပုံထင်ပြကာ
ထိကရုံးလေး များလို
လူတွေ့ရင်မူကာနွဲ့ကာယိမ်းမယ့်ခင်ပျို
ခင့်ကို
ချစ်ကြိုးတွေသွယ်ကာရစ်ကာ
မေတ္တာစစ်နဲ့ဆို
ရှောင်ချင်သလိုရှားချင်သလို
မစိမ်းပင်ကြီးရယ် အမူကပို
ဟန်ဆောင်ကာမူပို
ရုန်းတော်မူနဲ့ပျို
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညှိုးမှာစိုးရသကို
ဟန်ဆောင်ကာမူပို
ရုန်းတော်မူနဲ့ပျို
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညှိုးမှာစိုးရသကို
ဒေါလုံးမောလုံးများလွန်းတယ်
ပိုင်ပိုင်နိုင်နိုင်သဘောထားရယ်
မိန်းမသားမှာကွယ်စဉ်းစားဖွယ်
လွှတ်တော်ရဲလွန်းတယ်
စွဲစွဲမြဲမြဲချစ်ဖို့ရယ်
ရွှေဆိုင်ကေခိုင်ပန်းကိုကွယ်
ညှိုးနွမ်းမှာကိုစိုးလှတယ်
လွှတ်တော်ရဲလွန်းတယ်
ထောက်ဆကာညှာကွယ်
ခင်မင်သူမောင်ရယ်
တော်ပါကွယ်တန်ပါကွယ်
ကဲလွန်းသဲလွန်းတယ်
စွဲစွဲမြဲမြဲချစ်ဖို့ကွယ်
ကြင်ကြင်နာနာတရားနဲ့ရယ်
အေးအေးသာကြည်ချစ်ပါ့ကွယ်
မရုန်းပါနဲ့မျက်ခြယ်
တော်ပါကိုလူလည်
လှည့်ပတ်နိုင်လွန်းတယ်
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညိုးမှာစိုးရတယ်
တော်ပါကိုလူလည်
လှည့်ပတ်နိုင်လွန်းတယ်
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညှိုးမှာစိုးရတယ်
ဒေါလုံးမောလုံးများလွန်းတယ်
ပိုင်ပိုင်နိုင်နိုင်သဘောထားရယ်
မိန်းမသားမှာကွယ်စဉ်းစားဖွယ်
လွှတ်တော်ရဲလွန်းတယ်
စွဲစွဲမြဲမြဲချစ်ဖို့ရယ်
ရွှေဆိုင်ကေခိုင်ပန်းကိုကွယ်
ညှိုးနွမ်းမှာကိုစိုးလှတယ်
လွှတ်တော်ရဲလွန်းတယ်
ထောက်ဆကာညှာကွယ်
ခင်မင်သူမောင်ရယ်
တော်ပါကွယ်တန်ပါကွယ်
ကဲလွန်း သဲလွန်းတယ်
စွဲစွဲမြဲမြဲချစ်ဖို့ကွယ်
ကြင်ကြင်နာနာတရားနဲ့ရယ်
အေးအေးသာကြည်ချစ်ပါ့မယ်
မရုန်းပါနဲ့မျက်ခြယ်
တော်ပါကိုလူလည်
လှည့်ပတ်နိုင်လွန်းတယ်
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညှိုးမှာစိုးရတယ်
တော်ပါကိုလူလည်
လှည့်ပတ်နိုင်လွန်းတယ်
ပန်းနွယ်မျိုးဟာလက်ဆိတ်ထိုးရင်
ညှိုးမှာစိုးရတယ်
စွဲစွဲမြဲမြဲချစ်ဖို့ကွယ်
ကြင်ကြင်နာနာတရားနဲ့ရယ်
အေးအေးသာကြည်ချစ်ပေါ့ကွယ်
မရုန်းပါနဲ့မျက်ခြယ်
စွဲစွဲမြဲမြဲချစ်ဖို့ကွယ်
ကြင်ကြင်နာနာတရားနဲ့ရယ်
အေးအေးသာကြည်ချစ်ပေါ့ကွယ်
မရုန်းပါနဲ့မျက်ခြယ်