menu-iconlogo
huatong
huatong
avatar

မကျေနပ်ရင်အသေသတ်

Playboy Than Nainghuatong
بول
ریکارڈنگز
သီချင်း - မကျေနပ်ရင်အသေသတ်

တေးဆို - ပလေးဘွိုင်သန်းနိုင်

လူကို လူလိုမမြင်လေတာ ဘဝတွေဆုံးပြီ

ရင်မှာနာကျင်နေပြီ ရွှေဘုံနန်းစံသော

မာန်ကို အလံထူချင်သူ ချစ်အသည်းလေး

နားမလည်ပြီ

လောကကြီးထဲ မထားပဲ

နောင်ကြဉ်သွားအောင်

စီစဉ်ဦး ထိပ်ထားလေးရေ

တောင်စွယ်နေကွယ်ချိန်မှာလေ

ရွှေဓားဆွဲလို့ သတ်ပါ

တမလွန်ကို

မကြင်နာချစ်ကြွေးလည်း ယူမသွားချင်

အသည်းထဲ အချစ်ရှိတာ

မှားကိုယ် မှားသွားပြီ

ပျော်ရွှင်စရာတွေ လိုချင်လည်း

ရင်မှာ ဒုက္ခဝေပြီ

နေဝင်ချိန်တွေ နှေးသလား

အချိန်ကို စောင့်စားရင်း

ညှာတာပါ စာနာပါ အား

ဝမ်းနည်းစကား မပြောဘူး

အမုန်းတရားလေး ပေးခဲ့သော

ဝေဒနာကို မြတ်နိုးသည်

နေဝင်လမ်း မျက်ရည်များလွမ်းနေ

တောင်စွယ် နေကွယ်ချိန်မှာလေ

ရွှေဓားဆွဲလို့ သတ်ပါ

တမလွန်ကို

မကြင်နာချစ်ကြွေးလည်း ယူမသွားချင်

အသည်းထဲ အချစ်ရှိတာ

မှားကိုယ် မှားသွားပြီ

ဒီကမ္ဘာမြေပြင်ထဲ

ကိုယ်ဟာ ကံကွက်ကြားလွန်းလှပြီ

အသည်းထဲ အချစ်ရှိတာ

မှားကိုယ် မှားသွားပြီ

မိန်းကလေး အမုန်းကြီးတာ

တို့ယောကျ်ား မမှီ ...

Playboy Than Naing کے مزید گانے

تمام دیکھیںlogo