menu-iconlogo
huatong
huatong
avatar

နေရစ်တော့ကွယ်သွားတော့မယ်

Sai Htee Sainghuatong
ronnienangelawilliamhuatong
بول
ریکارڈنگز
သီချင်း - နေရစ်တော့ကွယ်သွားတော့မယ်

တေးဆို - စိုင်းထီးဆိုင်

ဒီအရိပ် အောက်မှာ

အတူတူနေမယ် အမြဲရည်မှန်းထားခဲ့တယ်

အလိုပြည့်ဖို့ တစ်ခုတည်းကိုယ့်မှာနားလည်

ဒီအရိပ် အောက်မှာ

ထာဝစဉ်ပျော်မယ် စိတ်ဆန္ဒရှိလည်းကွယ်

ကံဆိုးတော့ အချစ်အိမ်မက်ပျက်ပြယ်

ခွဲရကာနီးမှ လုပ်ရက်နိုင်တယ်

တစ်ခါလောက်တောင် နမ်းခွင့်မပေးသူရယ်

ကိုယ့်ရဲ့သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်

ချစ်ပန်း ကလေးတွေ

ဝေနေချိန်မှာ အဖိုးတန်မှန်းမသိခဲ့တယ်

နဂိုရပိုင်ခွင့်ပဲလို့ ထင်မိတယ်

အချစ်စကား လေးတွေ

ဝေနေချိန်မှာ တုံ့ပြန်ဖို့ သတိမရတယ်

အခုများမှ အဖြစ်ရယ် နှောင်းပေါ့ကွယ်

ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ်

လွန်သမျှ ကျေနပ်ဖို့ တောင်းပန်တယ်

ကိုယ့် ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ် နေရစ်တော့ကွယ် သွားတာ့မယ်

တစ်သက်လုံးမှလေ

တစ်ခါကြုံချင်ရင် ပွင့်ချိန်နဲ့ကိုက်မှကွယ်

ဒီအချစ်ဆိုတဲ့ ပန်းကလေးဟာရှားတယ်

တစ်သက်လုံးမှလေ

တစ်ခါကြုံချင်ရင် ခူးခြွေခဲ့ပြီးမှကွယ်

ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ်

နှလုံးသားမှာထားခွင့် မရှိတော့ရင်လည်း

တစ်ခါချစ်ခဲ့ဖူးလို့ ဝမ်းသာတယ်

မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ် နေရစ်တော့ကွယ် သွားတေားမယ်.

လူသား တိုင်းမှာ

ကိုယ်စီပါတယ် ဘဝရဲ့အလှပများရယ်

အခွင့်အရေးနဲ့ အစွမ်းအစ တစ်ဘက်စီရှိတယ်

လူတစ်ဦးတစ်ယောက်အတွက်

နိုင်တယ်မနိုင်တယ် အချစ်နဲ့ပတ်သက်သမျှရယ်

အရာတိုင်းပဲတရားတယ် မျှတတယ်

အကောင်းဆုံးကို ရွေးခွင့်မရှိတော့ရင်လည်း

ဒီဘ၀ ဒီအမျှနဲ့ပြီးစေကွယ်

ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ်

အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်

နေရစ်တော့ကွယ် သွားတော့မယ်

အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်

နေရစ်တော့ကွယ် သွားတော့မယ်

Sai Htee Saing کے مزید گانے

تمام دیکھیںlogo
နေရစ်တော့ကွယ်သွားတော့မယ် بذریعہ Sai Htee Saing - بول اور کور