menu-iconlogo
huatong
huatong
بول
ریکارڈنگز
ကိုယ်ရင်ခုန်သံရပ်မသွားဖို့အတွက်

မင်းရှိမှဖြစ်တော့မှာမို့

ယုံကြည်ပါ ဒီစကားလေးက အရေးသိပ်ကြီးလို့

ဒီရင်ခွင်လက်ဝဲဘက်က

နှလုံးသားလေး အဖျားတက်နေပြီမို့

ဘယ်လိုပြန်လည် ဖြေသိမ့်ရမလဲ မင်းလေးသိဖို့

ကမ္ဘာပေါ်မှာရှိသမျှ

လူသားတိုင်းအချစ်ကို ရင်ဖွင့်ကြသလို

ရိုးရိုးလေးပေါ့ မင်းနားထောင်ကြည့်ဦး

I love You အချစ်တွေမင်းယူ

မင်းရင်ထဲမှာ ဘယ်လိုလဲ မတွေးရဲပါဘူး

မုသားမဟုတ်ဘူး yes I do ... do

ကျိန်ရဲတယ် ဘုရားစူး

ချစ်တယ် သို့မဟုတ် I love you

I love you

ငါ ဒီလို စိတ်ကူးထဲမှာ

တိုးတိုးလေးပြောပြနေကျ

အကြိမ်ကုဋေကုဋာ လေထုထဲ အို မျောလွင့်သွားရ

ဒီအချိန်တော့ အချစ်ရနံ့များကြား

အညင်သာဆုံးတိုးဝှေ့ကာပင်

ရင်ခွင်ကို အလှတံခါးခေါက်ဖို့ ပြောခွင့်ပြုပါ

ဒီနှုတ်ခမ်းလေးများနဲ့ စကားပြောတိုင်း

ခြေဖဝါးနုနုလေးများနဲ့ လှမ်းလျှောက်တိုင်း

အခြေမခိုင်ပါ ငါလေမူးလို့မှိုင် မင်းနဲ့ဆုံလိုက်တိုင်း

တဖြည်းဖြည်းနဲ့ အဖြစ်တွေပိုဆိုးလာတယ်

အချစ်ရဲ့ရောဂါတွေ သည်းနေတယ်

ကံတရားနဲ့မင်းရဲ့ ကြင်နာခြင်းများ အပြည့်နဲ့

နေ့ရက်တို့ကိုပေးတော့ baby

I love You အချစ်တွေမင်းယူ

မင်းရင်ထဲမှာ ဘယ်လိုလဲ မတွေးရဲပါဘူး

မုသားမဟုတ်ဘူး yes I do ... do

ကျိန်ရဲတယ် ဘုရားစူး

ချစ်တယ် သို့မဟုတ် I love you

I love you

အိပ်မက် တစ်ရာ့တစ်ကြိမ်မက်ပြန်တယ်

မင်းမုန်းသွားလို့တဲ့ လန့်နိုးခဲ့ရအမြဲပဲ

မရက်စက်လိုက်နဲ့

I love you အချစ်တွေမင်းယူ

မင်းရင်ထဲမှာ ဘယ်လိုလဲ မတွေးရဲပါဘူး

မုသားမဟုတ်ဘူး yes I do ... do

ကျိန်ရဲတယ် ဘုရားစူး

ချစ်တယ် သို့မဟုတ်

I love you အချစ်တွေမင်းယူ

မင်းရင်ထဲမှာ ဘယ်လိုလဲ မတွေးရဲပါဘူး

မုသားမဟုတ်ဘူး yes I do ... do

ကျိန်ရဲတယ် ဘုရားစူး

ချစ်တယ် သို့မဟုတ် I love you

I love you

Sai Sai Kham Leng کے مزید گانے

تمام دیکھیںlogo