သီချင်း-မာယာ
တေးဆို-သားငယ်
မင်းရဲ့ လှည့်ကွက်ထဲ
မျောလွင့်သွားတာပဲ
အယောင်ဆောင်အချစ်များလည်း
အခုတော့ ပျောက်လွင့်ပြယ်
မင်းရဲ့အပြုံးတွေလည်း
အခုတော့အမုန်းတွေပဲ
နာကျင်စွာနဲ့ပဲ
ရှုံးနိမ့်ခဲ့ရတယ်
နင်ဟန်ဆောင်ရိုးသားခဲ့တာတွေ
သာယာမိတဲ့တို့ဟာလေ
ပြီးဆုံးမှပဲ ငတုံးမှန်းသိခဲ့တယ်
လှောင်ရီဟားတိုက် စကားသံတွေ
ရင်မှာမွန်းကျပ်ပိတ်လှောင်နေ
ငါ့အတွက်နင်က စုန်းမပါပဲလေ
ဟိုအရင် မင်းပြောခဲ့ဖူးတဲ့
ပုံပြင်ဇာတ်လမ်းလေးကိုကွယ်
ယုံကြည်စွာနဲ့ တမ်းတနေမိတယ်
ငါလေမုန်းတီးစွန့်ခွာမယ်
အကြိမ်ကြိမ်စိတ်ကူးမိပါတယ်
ဒီလိုအတွေးများလည်း
ခဏနဲ့ ပျောက်ကွယ်
မင်းရဲ့ လှည့်ကွက်ထဲ
မျောလွင့်သွားတာပဲ
အယောင်ဆောင်အချစ်များလည်း
အခုတော့ ပျောက်လွင့်ပြယ်
မင်းရဲ့အပြုံးတွေလည်း
အခုတော့အမုန်းတွေပဲ
နာကျင်စွာနဲ့ပဲ
ရှုံးနိမ့်ခဲ့ရတယ်
ဟိုအရင် မင်းပြောခဲ့ဖူးတဲ့
ပုံပြင်ဇာတ်လမ်းလေးကိုကွယ်
ယုံကြည်စွာနဲ့ ငါတမ်းတနေမိတယ်
မာယာများတဲ့ မင်းကိုကွယ်
နာကျင်စွာခါးသက်နေလည်း
ငါလေရွံမုန်းမရ ချစ်နေမိတယ်
မင်းရဲ့ လှည့်ကွက်ထဲ
မျောလွင့်သွားတာပဲ
အယောင်ဆောင်အချစ်များလည်း
အခုတော့ ပျောက်လွင့်ပြယ်
မင်းရဲ့အပြုံးတွေလည်း
အခုတော့အမုန်းတွေပဲ
နာကျင်စွာနဲ့ပဲ
ရှုံးနိမ့်ခဲ့ရတယ်
မင်းရဲ့ လှည့်ကွက်ထဲ
မျောလွင့်သွားတာပဲ
အယောင်ဆောင်အချစ်များလည်း
အခုတော့ ပျောက်လွင့်ပြယ်
မင်းရဲ့အပြုံးတွေလည်း
အခုတော့အမုန်းတွေပဲ
နာကျင်စွာနဲ့ပဲ
ရှုံးနိမ့်ခဲ့ရတယ်
နာကျင်စွာနဲ့ပဲ