menu-iconlogo
huatong
huatong
avatar

မေတ္တာဆောင်ပုဒ် (ဓမ္မတေးသီချင်း)

ကိုင်ဇာhuatong
𝄞⃝💜𝙰𝙴ɪོɴ𝚃💜𝄞huatong
Lời Bài Hát
Bản Ghi
မေတ္တာဆောင်ပုဒ်

ဓမ္မတေးသီချင်း

တေးဆို.... ကိုင်ဇာ

နေထွက် နေဝင် ကိုးဂုဏ်ရှင်

နေ့စဉ် ရှစ်ခိုးမယ်

အနန္တငါး ဂုဏ်တော်များ

ညွှတ်တွားကန်တော့မယ်

မျက်နှာသစ်လျှင်ရေကိုမြင်

မြင်စဉ်မေတ္တာပွားပါ့မယ်

သစ်ရင်း သစ်ရင်း လျော့ယိုယွင်း

ရုပ်ဆင်းသတိ ထားပါ့မယ်

တန်းတူတွေ့လျှင် မေတ္တာဝင်

မဝင်နိုင်က ပြိုင်တတ်တယ်

ပြိုင်မည့်အစား မေတ္တာပွား

စိတ်ထားပြုပြင် ပြောင်း ပါ့မယ်

ကိုယ့်အောက်တွေ့လျင် ကရုဏာဝင်

မဝင်နိုင်က နိုင်တတ်တယ်

နိုင်မည့်အစား ကရုဏာပွါး

စိတ်ထားပြုပြင် ပြောင်း ပါ့မယ်

ကိုယ့်ထက်သာလျှင် မုဒိတာဝင်

မဝင်ဣဿ ယိုင်တတ်တယ်

ယိုင်မည့်အစား မုဒိတာပွား

စိတ်ထားပြုပြင် ပြောင်း ပါ့မယ်

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်

ပြင်ဆင်နိုင်ရ ပြုတိုင်းလှ

သုခနိဗ္ဗာန် တိုင်လိမ့်မယ်

သုခနိဗ္ဗာန် တိုင်လိမ့်မယ်

နေထွက် နေဝင် ကိုးဂုဏ်ရှင်

နေ့စဉ်ရှစ်ခိုးမယ်

အနန္တငါး ဂုဏ်တော်များ

ညွှတ်တွားကန်တော့မယ်

မျက်နှာသစ်လျှင်ရေကိုမြင်

မြင်စဉ်မေတ္တာပွားပါ့မယ်

သစ်ရင်းသစ်ရင်းလျော့ယိုယွင်း

ရုပ်ဆင်းသတိထားပါ့မယ်

တန်းတူတွေ့လျှင် မေတ္တာဝင်

မဝင်နိုင်က ပြိုင်တတ်တယ်

ပြိုင်မည့်အစား မေတ္တာပွား

စိတ်ထားပြုပြင်ပြောင်း ပါ့မယ်

ကိုယ့်အောက်တွေ့လျင် ကရုဏာဝင်

မဝင်နိုင်က နိုင်တတ်တယ်

နိုင်မည့်အစား ကရုဏာပွါး

စိတ်ထားပြုပြင်ပြောင်း ပါ့မယ်

ကိုယ့်ထက်သာလျှင် မုဒိတာဝင်

မဝင်ဣဿ ယိုင်တတ်တယ်

ယိုင်မည့်အစား မုဒိတာပွား

စိတ်ထားပြုပြင်ပြောင်း ပါမယ်

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်

ပြင်ဆင်နိုင်ရ ပြုတိုင်းလှ

သုခနိဗ္ဗာန် တိုင်လိမ့်မမယ်

သုခနိဗ္ဗာန် တိုင်လိမ့်မယ်

တေးရေး၊ တေးဆိုများအား

လေးစား ချစ်ခင်လျှက်....

Nhiều Hơn Từ ကိုင်ဇာ

Xem tất cảlogo