menu-iconlogo
huatong
huatong
avatar

တရားတောင်း

ခင်ပိုးပန်းချီhuatong
patches19549huatong
Lời Bài Hát
Bản Ghi
ဘဂဝါဇီန ဝါဂိသော

သာသာယဝတိသာရဝန္တိယာ

ဣမံလောကမုပါကာသီ

တံနောဒေသေတု မုတ္တိယာ

ဝါဂီသာစကားအရာ

ပျားပမာသို့နားမှာချိုမြ မလိုရအောင်

ဆိုသမျှစကားတရားဖြစ်စေ

ခွဲဝေချိန်ဆ

ဝါစာစိန္တေယျ ဂုဏ်တော်ရှိတော်မူသော

ဇိန အာဠာဝကဘကဗြမ္မာ

နာဠာဂီရိစသည်များစွာ

ပွဲတကာတို့ဋ္ဌ် အမြဲသာအနိုင်ယူ

အောင်တော်မူအညွန်ဖူးတို့ဖြင့်

ကွန့်မြူးပေတတ်

အိုကျေးဇူးတော်ရင် ရှင်တော်မြတ်ဘုရား

ဘဂဝါ ရူ့မျော်လို့မဆုံး

တစ်ကိုယ်တော်လုံး ကျက်သရေ

လက္ခဏာတော်တွေမူန်းချယ်သည့်

ဘုန်းကြွယ်ထွဠ်ထား

ရှင်တော်မြတ်ဘုရားသည်

ဝါဂီသဝါဂီသော

စကားဝါကျအကွက်လှအောင်

မြွတ်ဟညွှန်ကြား စကားနိုင်နင်း

ပြိုင်ဘက်ကင်းသည်မူတော်ဖြစ်၍

သာရဝန္တိယာ ချိုအေးဆိမ့်အီ

အဆီရွှင်းဆို အကာကိုဖယ်

အဓိပ္ပါယ်သဒ္ဒါလှသဖြင့်

သဘာဝအတိ အနစ်သာရရှိပေထသော

ဘာသာယ မလျော့လွန်းမတင်းလွန်း

အစွန်းနစ်ဖက်လွတ်

ဆင်းရဲဝဠ်ချုပ်ငြိမ်းရေး

အသိဉာဉ်ပေးဟောဖော်

မြင့်မြတ်သောတရားတော်

စကားတော်တို့ဖြင့်

ဣမံလောကံ

ဗြမ္မာနတ်လူ ကမ္ဘာသူကမ္ဘာသား

အောက်တန်းစားမကျန်ရ

ရှိသမျှအသီးသီး

ဤသက္ကလောကကြီးကို

ဥပကာသီ

တစ်ထောင်ငါးရာကီလေသာတွေ

ချွတ်လွဲလျက် ဝဠ်ထဲမှကယ်တင်

တစ်ကယ်အမြင်အသိပေါက်ဖို့

ထိရောက်ပါစေ

မလွတ်တမ်းအကျိုးပြုတော်

မူနိုင်ခဲ့ပေပြီဘုရား

ဘန္တေ ရှင်လူလောကသဘောကြအောင်

ဟောပြသွန်သင်

ဆရာတော်အရှင်သူမြတ်ဘုရား

ဘဝံ ရှင်လူလောကသဘောကြအောင်

ဟောပြတော့မည် စိတ်ကရည်လျက်

ကြံစည်လျက်သာ ဂရုနာရှေ့ထား

ကျေးဇူးတော်ရှင်

ဆရာတော်အရှင်မြတ်ဘုရားသည်

နောအမှာကံ အရှင်ဘုရားမျက်မှောက်

လာရောက်နာကြား

တပြည့်တော်တပြည်တော်မတို့၏

မုတ္တိယာ လောဘဒေါသမောဟကိုခွာ

အိုနာသေဝဠ်အတွင်းမှ

လွတ်ကင်းဖို့ရန်အလို့ဌာ

တံဓမ္မံ မလျော့လွန်းမတင်းလွန်း

အစွန်းနစ်ဘက်လွတ်

ဆင်းရဲဝဠ်ချုပ်ငြိမ်းရေးး

အသိဉာဏ်ပေးဟောဖော်

မြင့်မြတ်သောတရားဒေသနာတော်ကို

နောအမှာကံ

ဝါသနာ ဘာဂီယမကဘဲသာ

ဝေနေယျစာရင်း သွတ်သွင်းရန်မျော်

ဘုရားတပြည့်တော်

တပြည့်တော်မတို့အား

ဒေသေတု

ဂရုဏာရှေ့ထားမေတ္တာအားဖြင့်

စကားချိုမြ မလိုရအောင်

ဆိုသမျှစကားတရားဖြစ်စေ

လှစ်ခြွေမြွက်ဖော်

ဟောကြားတော်မူပါ့

ကျေးဇူးတော်ရှင် ဆရာတော်သခင်

အရှင်သူတော်မြတ်ကြီးဘုရား

သာဓု သာဓု သာဓု

Nhiều Hơn Từ ခင်ပိုးပန်းချီ

Xem tất cảlogo