menu-iconlogo
huatong
huatong
avatar

ရွှေမန်းသူလေး

ခင်မောင်ထူးhuatong
nealon2004huatong
Lời Bài Hát
Bản Ghi
ရွှေမန်းသူလေး

ခင်မောင်ထူး

(အစ အဆုံး တစ်ပိုဒ်မှမနားဘူးဗျ)

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေးထိန်းလို့မရတော့ဘူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေးထိန်းလို့မလွယ်တော့ဘူး

မင်းကလေးကပဲ လှသလား

မန္တလေးဈေးချိုအနား

မန္တလေးကျုံးရဲ့ရေ

စီးဆင်းခဲ့သလိုပဲ

အသည်းထဲမှာစီးဝင်လာသူလေးရေ

တို့ကပဲနှုလုံးသားနုလို့လား

အားလပ်ရက်ခရီးသွားတစ်ယောက်ရဲ့နွေကလေး

အေးချမ်းသွားပေါ့ကွယ်

ရွှေမန်းသူလေး

မင်းလေးရဲ့ထီးရဲ့အရိပ်ကိုတိုး

အကြင်နာတွေမန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံးစိုးမိုးထားဦးမလား

ရွှေမန်းသူလေး

မင်းလေးရဲ့အချစ်ရဲ့အရိပ်ကိုတိုး

အကြင်နာတွေမန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံးစိုးမိုးနေပါဦး

မင်းကလေးကပဲလှလွန်း

ဖမ်းစားညှိ့နိုင်လွန်း

သက်ရှိသက်မဲ့မဆို

ဖမ်းစားတော့မလို့လား

မန္တလေးရဲ့ဈေးချိုနာရီကြီးတောင်

ငုံ့လို့ကြည့်လိုက်သလား

တဒိတ်ဒိတ်နဲ့တို့ရင်ထဲ

စိုးမိုးသွားပေါ့ကွယ်

ဘယ်လိုစာစီပြောမလဲ

လုံးဝမစဉ်းစားရဲ

စာလုံးလေးများကမမီမကမ်း

မင်းလေးသိရဲ့လား

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေးထိန်းလို့မရတော့ဘူး

ရွှေမန်းသူလေး

ဘီးကလေးစီး စီးလို့နင်းကာသွား

မြင်မြင်သူ အသည်းမှာစွဲလို့မူး

အသည်းလေးထိန်းလို့မလွယ်တော့ဘူး

ရွှေမန်းသူလေး

မင်းလေးရဲ့ထီးရဲ့အရိပ်ကိုတိုး

အကြင်နာတွေမန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံးစိုးမိုးထားဦးမလား

ရွှေမန်းသူလေး

မင်းလေးရဲ့အချစ်ရဲ့အရိပ်ကိုတိုး

အကြင်နာတွေမန်းတောင်အရိပ်ထက်မိုး

အသက်ထက်ဆုံးစိုးမိုးနေပါဦး

(Fading in ))

(Thank YOU)

Nhiều Hơn Từ ခင်မောင်ထူး

Xem tất cảlogo